Homeပြည်တွင်းသတင်းNUG မှာ လူ နဲ့ မူ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့လိုနေပြီလို့ ဒေါက်တာတေဇာဆန်း ထောက်ပြ

NUG မှာ လူ နဲ့ မူ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့လိုနေပြီလို့ ဒေါက်တာတေဇာဆန်း ထောက်ပြ

ဇူလိုင် ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လက်ရှိ တာဝန်ယူထားကြတဲ့ “လူ” ချမှတ်ဆောင်ရွက်နေတဲ့ “မူ”ကိုပါ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့လိုနေပြီလို့ နွေဦးတော်လှန်ရေး သပိတ်ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာကိုတေဇာဆန်း ထောက်ပြပြောဆိုထားပါတယ်။

NUG ကို စတင်ဖွဲ့စည်းစဉ်ကနေ အခုအ ချိန်အထိ တော်လှန်ရေးတပ်ဦးအဖြစ် လက်ခံ ယုံကြည်ထားပေမယ့် NUG တော်လှန်ရေးအစိုးရဟာ ပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ခေါင်း ဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ သူ့ရဲ့တစ်ဦးတည်းရဲ့အမြင်ကို ထောက်ပြပြောဆိုထားတာပါ။

“NUG အလုပ်ဖြစ်ဖို့လိုတယ်၊ ခေါင်း ဆောင်မှု အားကောင်းဖို့လိုတယ်၊ စွမ်းဆောင်ရည် ပြည့်ဖို့လိုတယ်၊ ဒီအတွက် NUG မှာ လက်ရှိ တာဝန်ယူထားကြတဲ့ “လူ” ကော၊ ချမှတ်ဆောင်ရွက်နေတဲ့ “မူ” ပါ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ အရေးကြီးတယ်၊ ဒီပြင်ဆင်ပြောင်းလဲမှုကို အချိန်မနှောင်းမီ လုပ်ကြပါ၊ ဒီတော် လှန်ရေး အောင်မြင်ဖို့အတွက် NUG အား ကောင်းဖို့ လိုအပ်တယ်”လို့ NUG ကို အကြံပြုခဲ့တာတွေရှိတယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ပြောဆိုထားပါတယ်။

ဒါ့အပြင် NUG အပေါ် လူထုထောက်ခံမှုဟာ စတင်ဖွဲ့စည်းစဉ်ကနဲ့ နှိုင်းယှဉ်ရင် အတိုင်းအတာတခုထိ ကျဆင်းကောင်း ကျဆင်းသွားနိုင်ပေမယ့် တော်လှန်ရေးအောင်ဖို့အတွက် လုံလောက်တဲ့ လူထုထောက်ခံမှု ရှိနေဆဲဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

NUG အစိုးရဟာ ကိုယ်ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ အုပ်ချုပ်ရေး၊ ကာ ကွယ်ရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေး အစရှိတဲ့ ကဏ္ဍအလိုက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စနစ်တကျ တည်ဆောက်ခြင်းအတတ်ပညာ (Institutionalization) အလွန်အားနည်းနေတယ်လို့လည်းသူရဲ့အမြင်ကို သုံးသပ်ပြောဆိုထားပါတယ်။

ဒါ့အပြင် PDF နဲ့ ပကဖ လက်နက်ကိုင်အင်အားစု၂ ခု ဖြစ်နေတာနဲ့ ငွေကြေးပိုင်းဆိုင်ရာမှာလည်း စီမံခန့်ခွဲနိုင်မှု အားနည်းတဲ့အပေါ် ဝေဖန်ထားပါတယ်။

ဒေါက်တာတေဇာဆန်းဟာ နွေဦးတော်လှန်ရေးကာလမှာ ပထမဆုံး ဆန္ဒပြခဲ့သူတယောက် ဖြစ်သလို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ သူဟာ လက်နက်ကိုင်တော်လှန်ရေး နယ်မြေတွေမှာ လှည့်လည်လှုပ်ရှားနေသူတယောက်လည်း ဖြစ်ပါတယ်။

NUG အစိုးရဟာ ဝန်ကြီးဌာန ၁၇ ခုနဲ့ဖွဲ့စည်းထားပြီး၊ ဝန်ကြီးဌာနအလိုက် ဝန်ကြီး ၃၄ ယောက်အထိခန့်အပ်ထားပြီး အဲ့ဒီအထဲက ထက်ဝက်ကျော်ဟာ ပြည်ပကိုရောက်ရှိနေတဲ့အတွက် အများကပြည်သူတွေရဲ့ ဝေဖန်မှုတွေရှိနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး