Homeပြည်တွင်းသတင်းNUG ဖွဲ့စည်းလိုက်တဲ့ အထူးတိုင်းစစ်ဌာနအနေနဲ့ မဟာမိတ် EROs တပ်ဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးတွေအရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည်ဟုဆို

NUG ဖွဲ့စည်းလိုက်တဲ့ အထူးတိုင်းစစ်ဌာနအနေနဲ့ မဟာမိတ် EROs တပ်ဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးတွေအရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည်ဟုဆို

၂၇ ဩဂုတ် ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ် ရေးဝန်ကြီးဌာနဟာ အထူးတိုင်းစစ်ဒေသကိုဖွဲ့စည်းလိုက်ပြီး၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲတွေကို ဦးစီးကွပ်ကဲလျက် မဟာမိတ် EROs တပ်ဖွဲ့တွေ၊ LPDF တွေနဲ့အတူ စစ် ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမယ်လို့ ဒီကနေ့ ဩဂုတ်၂၇ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။

ဒါကြောင့် အထူးတိုင်းစစ်ဌာန Facebook Page စတင်ဖွင့်လှစ်တဲ့အချိန်ကနေစပြီးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ စစ်ဆင်ရေးဆောင်ရွက်ချက်တွေနဲ့တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကိုပြည်သူ လူထုအချိန်နဲ့ တပြေးညီ တရားဝင်ထုတ်ပြန်သွားပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ် ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ အမှတ် ၁ စစ်ဆင်ရေးနယ်မြေထဲမှာရှိတဲ့ တပ်ရင်းတွေ၊ ဗျူဟာတွေကို စနစ်တကျစုဖွဲ့မှုပြုလုပ်ပြီးအထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

အထူးတိုင်းစစ်ဌာနဟာပြည်သူ့ကာကွယ် ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲတဲ့အောက်မှာရှိပြီး အမှတ် ၁ စစ် ဆင်ရေးနယ်မြေရဲ့စစ်ဆင်ရေးကွပ်ကဲတဲ့အောက်မှာရှိနေတဲ့ တိုင်းစစ်ဌာနတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး