အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) ဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်မှာ ကွယ်လွန်သွားတယ်လို့သိရပါတယ်။
ဦးချစ်ထွန်းဟာ ၁၉၉၂ ခုနှစ်၊ ကရင်နီ ပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ရဲ့ စစ်ရေး၊ နိုင်ငံရေးနှင့်ဆက်ဆံရေး တာဝန်တွေ စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်ကစပြီး မှစတင်၍ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ဦးချစ်ထွန်းကွယ်လွန်သွားတဲ့အပေါ် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တို့က ဒီနေ့မှာ အသီးသီးဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။


