Homeပြည်တွင်းသတင်းNUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး မြန်မာနိုင်ငံအတွင်းကို အပြီးပြန်လည်အခြေချ

NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး မြန်မာနိုင်ငံအတွင်းကို အပြီးပြန်လည်အခြေချ

၂၅ ဧပြီ၊၂၀၂၅

ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကျန်းမာရေး နဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှာ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီဖြစ်ပြီဖြစ်တယ်လို့ ခေတ်သစ်သတင်းမှာဖော်ပြလာမှုအရ သိရပါတယ်။

NUG ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ဒေါက် တာဇော်ဝေစိုးမှာ မြန်မာနိုင်ငံအတွင်းကို အပြီး ပြန်လည် ဝင်ရောက်သွားပြီး ကျန်းမာရေး CDM နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဖက် ကျန်းမာရေး ဝန်ထမ်း တွေနဲ့ ကျန်းမာရေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး NUG အစိုးရအနေနဲ့လက်ရှိအချိန်အထိ တစုံတရာထုတ်ပြန် အသိပေး ထားတာမျိုးမရှိသေးပါဘူး။

ပြည်ပတွင်ရောက်ရှိနေတဲ့ NUG ဝန်ကြီးတွေ၊ အစိုးရတာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းကို ပြန်လာဖို့ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ယာယီ သမ္မတ ဒူဝါလရှီးလက ဖိတ်ခေါ်ခဲ့ပြီးနောက် ဆရာကြီးဒေါက် တာဇော်ဝေစိုးမှာ ပထမဆုံး ပြည်တွင်းသို့ အပြီး ပြန်လည် ဝင်ရောက်ခဲ့တဲ့ NUG ဝန် ကြီး တစ်ဦး ဖြစ်လာပါတယ်။

ဆက်စပ် သတင်းများ

Most read