၁၀ ဖေဖော်ဝါရီ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ရာထူးကနေ နှုတ်ထွက်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ဖေဖေါ်ဝါရီ ၁၀ရက် မနက်အစောပိုင်းက ဖော်ပြခဲ့ပါတယ်။
“MoD နှင့် စပ်လျဥ်းသော တာဝန်များ အားလုံးမှ အနားယူလိုက်ပြီ ဖြစ်ပါသည်။ တော်လှန်ရေးမှ လုံးဝ အနားမယူပါ။ ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ပါသည်။ တာဝန်ယူခဲ့စဥ်တွင် ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို တာဝန်ယူခဲ့စဥ် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံပါသည်။ အရေးတော်ပုံ အောင်ရမည်။”လို့ လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပါတယ်။
သူ့ရဲ့ လူမှုကွန်ယက်ပို့စ်နဲ့ ပတ်သတ်ပြီး NUG အစိုးရနဲ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။ ဦးနိုင်ထူးအောင်ဟာ စစ်ကောင်စီ အာဏာမသိမ်းခင်က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က အာဏာရပါတီ NLD ရဲ့ ကိုယ်စားလှယ်အမတ်တစ်ဦးဖြစ်ပါတယ်။
ဓာတ်ပုံ – Naing Htoo Aung