Homeပြည်တွင်းသတင်းNLD အစိုးရလက်ထက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်

NLD အစိုးရလက်ထက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်

၉ နိုဝင်ဘာ၊၂၀၂၄

NLD အစိုးရလက်ထက် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် မန္တလေးဆေးရုံကြီး ICU မှာကုသနေရင်း ဒီကနေ့ မှာကွယ်လွန်သွားပြီးလို့ သိရပါတယ်။

ဦးဝင်းခိုင်မှာ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီအချိန် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံ နက် ၁၁ နာရီအချိန် မန္တလေးဆေးရုံကြီး၊ ရေခဲတိုက်မှ ကြာနီကန်သုဿာန်ကို ပို့ဆောင်သဂြိုလ်မှာဖြစ်တယ်လို့လည်းသိရပြီး မိသားစုက အဝေးမှာရောက်နေတာကြောင့် ဈာပနကို တက်ရောက်နိုင်ခြင်း မရှိဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ဆီက သိရပါတယ်။

ဝန်ကြီး ဦးဝင်းခိုင်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခံရတာဖြစ်ပြီး သူတာဝန်ယူခဲ့တဲ့ လျှပ်စစ်စီမံကိန်းတွေမှာ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးထိခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင် စီ က ထောင် ၂၈ နှစ်အထိ ချမှတ်ခံရခဲ့ရသူလည်းဖြစ်ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာ ဝန်ကြီး ဦးဝင်းခိုင်တက်ရောက်ဆေးကုသနေတဲ့ မန္တလေးဆေးရုံကြီး ၊ ICU ခန်းထဲသို့ စစ်အာဏာပိုင်တွေလာရောက်ပြီး ထောင်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်းသိရပြီး လွတ်ငြိမ်း ခွင့်ပေးကြောင်း အမိန့်စာဖတ်နေချိန်မှာ ဦးဝင်းခိုင်မှာ သတိမရှိတော့ဘဲ မေ့မျောနေချိန်ဖြစ်တယ်လို့လည်း သိရ ပါတယ်။

အလားတူ မန္တလေးဆေးရုံကြီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း စစ်ကောင်စီတပ်မှ မကွယ်လွန်မီ နာရီအပိုင်းအလိုမှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့် ပေးခဲ့တာဖြစ်ပြီး အမိန့်စာဖတ်နေချိန်မှာ ဒေါက်တာဇော်မြင့်မောင်မှာ မေ့မျော နေချိန် ဖြစ်တယ်လို့လည်းသိရပါတယ်။

ဆက်စပ် သတင်းများ

Most read