Homeပြည်တွင်းသတင်းဇန်နဝါရီလအတွင်း ရန်ကုန်မှာ လူငယ် (၅၀၀) နီးပါး ဖမ်းဆီးခံရ

ဇန်နဝါရီလအတွင်း ရန်ကုန်မှာ လူငယ် (၅၀၀) နီးပါး ဖမ်းဆီးခံရ

၅ ဖေဖေါ်ဝါရီ ၊၂၀၂၅

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ရန်ကုန်မြို့မှာ လူငယ်ငါးရာနီးပါး (၄၇၅ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scout Network က ဖေဖော်ဝါရီလ ၄ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီက လူငယ်တွေပစ်မှတ်ထား ဖမ်းဆီးမှုတွေပိုမိုလုပ်ဆောင်လာကြောင်းနဲ့ ရန်ကုန်တိုင်း ထဲက တာမွေ၊ သာကေတ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ အလုံနဲ့ အင်းစိန်မြို့နယ်တွေမှာ ဖမ်းဆီးခံရမှု အများဆုံးဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဖို့အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခဲ့ရာမှာ ၄၇၅ ဦးဖမ်း ဆီးခံခဲ့ ရပြီး အဲဒီအထဲက ၅၈ ဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်းနဲ့ ကျန်တဲ့ ၃၉၇ ဦးရဲ့ အခြေအနေကိုတော့ မသိရ သေးဘူးလို့ဆိုပါတယ်။

လမ်းမတွေပေါ်မှာ အတင်းအဓ္ဓမ လိုက်လံဖမ်းဆီးခံရသူ ၂၄၁ ဦး၊ ဧည့်စာရင်းစစ်ရာကနေ ဖမ်းဆီးခံရသူ ၇၇ ဦး၊ လမ်းသွားရင်း စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၅၈ ဦး၊ သတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၅၁ ဦးနဲ့ စစ်မှု ထမ်းစာရင်းမှာပါလို့ ဖမ်းဆီးခံရသူ ၄၈ ဦး ရှိတယ်လို့လည်း ဖော်ပြပါထားပါတယ်။

“ တစ်နိုင်ငံလုံးပေါ်တာဆွဲနေတဲ့သတင်းတွေ ကြားနေရတာပဲ အခုတော့ ရန်ကုန်လူထုလည်းနေမရတော့ဘူးပေါ့ အခုက အမျိုးသမီးတွေကပါ ဖမ်းနေတာဆိုတော့ အိမ်ကသမီးနှစ်ယောက်ကိုလည်း ပြည်ပထွက်နိုင်ဖို့ လုပ်ပေး နေရတယ် ဒီမှရေရှည်ထားလို့မရဘူး ရိုးရိုးသားလုပ်ကိုင်စားသောက်နေသူတွေတောင် လိုက်ဖမ်းနေတာ ရွေးဖို့ ငွေသူတို့ပေးမဲ့အစား ကလေးတွေကို သူတို့နဲ့လွတ်ရာပို့ဖို့ပဲသုံးလိုက်မယ် အန်တီတို့လူကြီးတွေက တော့သေ လည်းမထူးဘူးလေ” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက New Day Myanmar သတင်းဌာနကို ပြောပါယ်။

ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခံသူ စာရင်းအချက်အလက်တွေကို Rangoon Scout Network ရဲ့ ချိတ်ဆက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေအပြင် မြေပြင်သတင်းပေးပို့သူတွေဆီက အတည်ပြုရရှိ တဲ့စာရင်းတွေကို စုစည်းထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။

Photo – NDM

ဆက်စပ် သတင်းများ

Most read