Homeပြည်တွင်းသတင်းMNDAA တွေ ရှိနေတယ်လို့ စစ်ကောင်စီလော်ဘီတွေက သတင်းဖြန့်ပြီး နောက်နေ့မှာလားရှိုးသမိုင်းဝင် ကွမ်ရင်ဘုံကျောင်းကို စစ်တပ်ဗုံးကြဲ

MNDAA တွေ ရှိနေတယ်လို့ စစ်ကောင်စီလော်ဘီတွေက သတင်းဖြန့်ပြီး နောက်နေ့မှာလားရှိုးသမိုင်းဝင် ကွမ်ရင်ဘုံကျောင်းကို စစ်တပ်ဗုံးကြဲ

၄အောက်တိုဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ သမိုင်းဝင်ကွမ်ရင်ဘုံကျောင်းမှာ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တွေ စုစည်းနေတယ်လို့ စစ်ကောင်စီရဲ့ တယ်လီဂရမ်ချယ်နယ်တွေနဲ့ လူမှုကွန်ယက်တွေမှာ ဖော်ပြပြီး နောက်နေ့မှာ စစ်တပ်က လေကြောင်းက ဗုံးကြဲခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်က လူမှုကွန်ယက်မှာ လားရှိုးကွမ်ရင်ဘုံကျောင်းနဲ့ ရေကန်တောင်ဘက်မှာ ကိုးကန့်တပ် တွေ ရောက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး အောက်တိုဘာ ၄ ရက် နံနက် ၂း၁၃ ၊ ၄း၀၈၊ ၅း၁၄ နဲ့ ၅း၂၀ တို့မှာ လားရှိုးမြို့ကို ၄ ကြိမ်တိုင် ဗုံးကြဲချခဲ့ပါတယ်။

လားရှိုးမြို့ ရက ၈ က ၁၂၁ အနောက်တိုက်ကို ၂ ကြိမ်၊ ရက ၅ က ဘုံကျောင်းကို ၂ ကြိမ် ဗုံးကြဲခဲ့တယ်လို့ သိရပြီး တိုက်ခိုက်မှုကြောင့် တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး လူ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၁၀၂၇ ဒုတိယလှိုင်းမှာ ရမခကို လက်လွှတ်လိုက်ရတဲ့အတွက် စစ်ကောင်စီက လားရှိုးအပါအဝင် MNDAA ထိန်းချုပ်ထားတဲ့ အထူးဒေသ ၁ ထဲက မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းက ဗုံးအလုံး ၁၀၀ ကျော် ကြဲချခဲ့ပါတယ်လို့ သိရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေထဲက ၁၆ ကြိမ်မှာ အရပ်သား သေဆုံးမှု ရှိခဲ့ပါတယ်။ စက်တင်ဘာလ ၃၀ ရက်အထိ ရရှိတဲ့စာရင်းတွေအရ စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်တာကြောင့် လူ ၃၁ ဦး သေဆုံးပြီး လူ ၉၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ကြေညာထားပါတယ်။

ပုံစာ – အောက်တိုဘာ ၄ ရက် လေကြောင်းက တိုက်ခိုက်ခံရတဲ့လားရှိုး တရုတ်ဘုံကျောင်းမြင်ကွင်း

Photo – CJ

ဆက်စပ် သတင်းများ

Most read