မန္တလေးတိုင်း မတ္တရာ၊ စဥ်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တိုက်ပွဲပိုပြင်းထန်လာတာကြောင့် ဒေသခံတွေဘေး အန္တရာယ်ကင်းနိုင်ရေး ကြိုတင်ပြင်ဆင်ကြရန်နဲ့ ဘေးအန္တရာယ်ကင်းနိုင်ရေးအ တွက်လိုအပ်တဲ့ အစီအမံတွေလုပ်ဆောင်ထားကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မ တော်(မန္တလေး)က ဒီက နေ့ နိုဝင်ဘာ ၁၀ ရက်မှာ အသိပေးထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ လှုပ်ရှားစိုးမိုးရာနယ်မြေတွေဖြစ်တဲ့ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေကို
အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ဖို့ လျာထားတဲ့ မြို့နယ်တွေစာရင်းမှာပါဝင်တာကြောင့် အပြင်းအထန် ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“တိုက်ပွဲတွေက အခုရက်ပိုင်းဆက်တိုက်ဖြစ်လာတော့ ဒေသခံတွေလည်း လွတ်တဲ့နေရာတွေရှောင်ကုန်ကြပြီ။မန္တလေးဘက်ကိုရှောင်တာများတယ်။”လို့ မန္တလေးဘက်ကို စစ်ရှောင်လာသူတဦးက New Day Myanmar ကိုပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ထိုးစစ်အပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက် လက် ခုခံကာကွယ်သွားမှာဖြစ်ပြီ ပြည်သူ့တော်လှန်ရေးကြီးရဲ့အဆုံးသတ်ပန်း တိုင်ကိုရောက်တဲ့အထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမယ်လို့ အသိ ပေးထားပါတယ်။
ဓာတ်ပုံ-MDY-PDF


