Homeပြည်တွင်းသတင်းKTV ဖွင့်ပြီးရန်ပုံငွေရှာဖွေဖို့ကြိုးစားခဲ့တဲ့ ဗကသအဖွဲ့ချုပ် ဥက္ကဌ ရာထူးမှဖယ်ရှားခံရ

KTV ဖွင့်ပြီးရန်ပုံငွေရှာဖွေဖို့ကြိုးစားခဲ့တဲ့ ဗကသအဖွဲ့ချုပ် ဥက္ကဌ ရာထူးမှဖယ်ရှားခံရ

၇ ဇန်နဝါရီ ၊၂၀၂၅

ရန်ပုံငွေရရှိဖို့ KTV လုပ်ငန်းဖွင့်လှစ်ဖို့ကြိုးစားခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဌတာဝန်ယူထားတဲ့ ကိုအောင်ပြည့်စုံဖြိုးကို အဖွဲ့ရဲ့ ဂုဏိသိက္ခာကို ချိုးဖောက်ညှိုးနွမ်းစေတဲ့အတွက် ဥက္ကဌတာဝန်မှ ထုတ်ပယ် လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ကိုအောင်ပြည့်စုံရဲ့ လုပ်ရပ်ဟာ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းဥပဒေ၊မူဝါဒစံနှုန်း နဲ့ ဂုဏ်သိက္ခာကို ချိုးဖောက် ညှိုးနွမ်းစေတဲ့အတွက် အခုလို ဥက္ကဌနေရာက ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့ကက ထုတ်ပြန်ထားပါတယ်။

ကိုအောင်ပြည့်စုံအနေနဲ့ ၎င်းတက်စပ်ပတ်သက်ခဲ့တဲ့ KTV လုပ်ငန်းနဲ့ ဆက်နွယ်နေမှုကို တစ်ပါတည်းစွန့်ပယ်ရန်နဲ့ အဆိုပါလုပ်ငန်းမှရရှိလာတဲ့ ငွေကြေားအကျိုးအမြတ်တွေကိုလည်း ဗကသ ဘဏ္ဍာငွေအဖြစ် အသုံးပြုသွားမှာမဟုတ်ကြောင်းကိုလည်း အသိပေးထားပါတယ်။

ဆက်လက်ပြီး အဆိုပါကိစ္စတွင် ဆက်စပ်ပတ်သက်ခဲ့သည့် အဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ကိုရှိုင်းဝဏၰအောင် ကိုလည်း ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရု့ါ်ရေးကော်မတီ၊ ဘဏ္ဍာရေးတာဝန်ခံတာဝန်မှ ထုတ်ပယ်လိုက် တယ်လို့လည်း ထုတ်ပြန်အသိပေးထားပါတယ်။

Photo – ဗကသများအဖွဲ့ချုပ်

ဆက်စပ် သတင်းများ

Most read