Homeပြည်တွင်းသတင်းKNU ဖမ်းမိတဲ့ ကျားဖြန့်တွေကို တိုက်ရိုက်လွှဲပြောင်းတာကို လက်မခံဖို့ ထိုင်းနဲ့ တရုတ်ကိုပြောမယ်လို့ စစ်ကော်မရှင် ရဲချုပ် ပြော

KNU ဖမ်းမိတဲ့ ကျားဖြန့်တွေကို တိုက်ရိုက်လွှဲပြောင်းတာကို လက်မခံဖို့ ထိုင်းနဲ့ တရုတ်ကိုပြောမယ်လို့ စစ်ကော်မရှင် ရဲချုပ် ပြော

၁၄ ဒီဇင်ဘာ ၂၀၂၅

ကရင်အမျိုးသားအစည်းအရုံး (KNU) က စီးနင်းဖမ်းဆီးခဲ့တဲ့ မင်းလက်ပံကျားဖြန့်လုပ်ငန်းက နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံကို တိုက်ရိုက်လွှဲပြောင်းတာကိလက် မခံဖို့ ထိုင်းနဲ့ တရုတ်ကို ပြောမယ်လို့ စစ်ကော်မရှင် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပြောပါတယ်။

စစ်ကော်မရှင်က ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။

တရုတ်-မြန်မာ- ထိုင်း သုံးနိုင်ငံပြုလုပ်မယ့် အစည်းအဝေးမှာ KNU က လွှဲ ပြောင်းတာတွေ လက်မခံဖို့ ပြောမယ်လို့ သူကပြောပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ရွှေကုက္ကိုကို သွားရောက်ကြည့်ရှုဖို့လည်း ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါအပြင် စစ်ကော်မရှင်ပြောရေးဆိုခွင့်

ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း KNU ဟာ စစ်တပ်ရဲ့ လက်နက်ကြီးကျည် ထိုင်းဘက်ကို ကျရောက်တဲ့ပုံစံ ပုံဖော်ပြီး KNU က ထိုင်းနဲ့ မြန်မာကြား ပြဿနာဖြစ်အောင်လုပ်နေတယ်’လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောဆိုပါတယ်။

KNU က ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတယ်လို့ သူက စွပ်စွဲပြီး KNU ခေါင်း ဆောင်တွေကို ပြည်တွင်းဥပဒေအရရော နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol)နဲ့ ပါပူး ပေါင်းပြီး အရေးယူဖို့လုပ်မယ်ဆိုပြီး သပြောခဲ့ပါသေးတယ်။

ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ် မတော် (DKBA)ထိန်းချုပ်တဲ့ ကရင် ပြည်နယ်၊ ဖလူးဒေသ၊ မင်းလက်ပံရွာမှာရှိတဲ့ Shunda Park ကို KNU က ဝင်ရောက်စီးနင်း ရှာဖွေပြီး ရာနဲ့ချီတဲ့နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့ဖို့ ထိုင်းဘက်ကို လွှဲပြောင်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး