Homeပြည်တွင်းသတင်းKNU ပညာရေးကျောင်းကို စစ်ကောင်စီ လေကြောင်းကဗုံးကြဲတိုက်ခိုက်

KNU ပညာရေးကျောင်းကို စစ်ကောင်စီ လေကြောင်းကဗုံးကြဲတိုက်ခိုက်

၂၉ မေ၊ ၂၀၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မှာရှိတဲ့ KNU ထိန်းချုပ်နယ်မြေတစ်ခုက ပညာရေးကျောင်းတခုကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုက မေလ ၂၉ ရက် ည ၇ နာရီလောက်မှာဖြစ်ပြီး တိုက်ခိုက်ခံရတာက KECD (Kawthoolei Education and Culture Department) ပညာရေးဌာနအောက်ရှိ ကွီးလယ်ဆူးရွာက ကျောင်းတစ်ခု ဖြစ်တယ်။

ဗုံးကြဲတာကြောင့် ကျောင်းအတွင်း ဘော်ဒါနေတဲ့ ကလေးငယ်တွေထိခိုက်မှုရှိတယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးရင်းမြစ်တွေဆီက သိရပါတယ်။

မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးက သူတို့ရဲ့ တပ်စခန်းတွေကို KNU က ဆက်တိုက် သိမ်းပိုက်တာကို ခံနေရပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့ တိုက်လေယာဉ် တစီးကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ

Most read