Homeပြည်တွင်းသတင်းKNDF နဲ့ PDF တွေ အကြမ်းဖက်တာကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာတွေ ပျက်စီးခဲ့တယ်လို့ စစ်ခေါင်းဆောင် ကယားပြည်နယ်နေ့မှာ ပြောဆို

KNDF နဲ့ PDF တွေ အကြမ်းဖက်တာကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာတွေ ပျက်စီးခဲ့တယ်လို့ စစ်ခေါင်းဆောင် ကယားပြည်နယ်နေ့မှာ ပြောဆို

၁၅ ဇန်နဝါရီ ၊ ၂၀၂၅

KNDF နဲ့ PDF တွေ အကြမ်းဖက်တာကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာတွေ ပျက်စီးခဲ့တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီလ ၁၅ ရက်မှာ ကျရောက်တဲ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဒီသဝဏ်လွှာထဲမှာ ကယားပြည်နယ်မှာ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လိ့ ဆိုပြီး ပြည်နယ်အတွင်းနေထိုင်တဲ့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူတွေက ကိုယ့်ဒေသကိုယ်ဖျက်ဆီးပစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိဘူးလို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနဲ့ ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့အဖွဲ့အစည်းတွေရဲ့ ခြေထိုးမှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ ဆွဲချနေသည့် မဟုတ်မမှန် လုပ်ကြံသတင်းများ၊ NUG, CRPH, PDF စတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ သွေးဆောင်စည်းရုံးမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒေသတချို့မှာ ပြည်သူတွေအသိအမြင်တွေမှားပြီး မငြိမ်းမချမ်းဖြစ်နေတယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။

ကယားပြည်နယ်နေ့ကို ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းတက်ရောက်ခဲ့တဲ့အတွက် လွိုင်ကော်မြို့အနီးတဝိုက်ကို မြို့အခြေစိုက်စစ်စခန်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အခါမှာ စစ်ရှောင်ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဆက်စပ် သတင်းများ

Most read