Homeပြည်တွင်းသတင်းKK Park က အဆောက်အအုံ ၅၀၀ နီးပါကို ဖြိုချခဲ့တယ်လို့ စစ်ကော်မရှင်ဝါဒဖြန့

KK Park က အဆောက်အအုံ ၅၀၀ နီးပါကို ဖြိုချခဲ့တယ်လို့ စစ်ကော်မရှင်ဝါဒဖြန့

၂၃ ဒီဇင်ဘာ ၂၀၂၅

ကျားဖြန့် အွန်လိုင်းလိမ်လည်မှုတွေ လုပ်ကိုင်နေတဲ့ မြဝတီ-မဲ့ထော်သလေး(KK Park) နယ်မြေအတွင်းက တရားမဝင်အဆောက်အအုံ ၆၃၅ လုံးရှိတဲ့အနက် စုစုပေါင်း အဆောက် အအုံ ၄၈၈ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ စစ်ကော်မရှင်ဝါဒဖြန့် သတင်းတွေမှာဖော်ပြပါတယ်။

စစ်ကော်မရှင်အနေနဲ့ခOnline လိမ်လည်လောင်းကစားမှုတွေကို အများဆုံး အခြေချလုပ်ကိုင်နေတဲ့ ရွှေကုက္ကိုလ်နယ်မြေနဲ့ KK Park နယ်မြေတွေမှာ အဖွဲ့စုံပါဝင်တဲ့ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေနဲ့ ဝင်ရောက် ရှင်းလင်းတာတွေ၊ တရားမဝင်အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် KK Park ကို စစ်တပ်က အယောင်ပြဖြိုခွင်းပြကာ အခြားနေရာ၂ခုမှာ ပြောင်းရွှေ့ပြီး ကျားဖြန့်လုပ်ငန်း‌တွေလုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ပြည် ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ဖူးပါတယ်။

အမေရိကန်နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းပြီး ဆိုက်ဘာလိမ် လည်မှုလုပ်ငန်းတွေကို နှိမ်နှင်းဖို့ ဆောင်ရွက်နေကြောင်း ကြေညာအပြီးမှာပဲ စစ်ကော်မရှင်တပ်တွေက KK park ထဲ ကျားဖြန့်လုပ်ကိုင်သူတွေကို ထွက်ခွာစေပြီး အဆောက်အအုံ တချို့ကကိုဖြိုချပြခဲ့တာပါ။

စစ်အုပ်စုအတွက် မြန်မာနိုင်ငံက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက နိုင်ငံရေး၊ စီးပွားရေးနဲ့စစ်ရေးအရ အကျိုးအမြတ်ရရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး