Homeပြည်တွင်းသတင်း"ဝ" ပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ရမယ်လို့ ဗိုလ်ချုပ်ကြီး ရာပြည့် ပြော

“ဝ” ပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ရမယ်လို့ ဗိုလ်ချုပ်ကြီး ရာပြည့် ပြော

၁၈ အောက်တိုဘာ ၂၀၂၅

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)အနေနဲ့ ပြည်နယ်အဆင့်လိုချင်တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ရမယ်လို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောလိုက်ပါတယ်။

မနေ့က အောက်တိုဘာ ၁၇ ရက်နေ့ညနေပိုင်းက နေပြည်တော် MICC 1 မှာ ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-(NCA) ၁၀ နှစ်ပြည့်ပွဲမှာ ငြိမ်းချမ်းသော မြန်မာ့အနာ ဂတ်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲမှာ အခုလို ထည့်သွင်း ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“သူတို့ရဲ့ လိုလားချက်က ‘ဝ’ ပြည်နယ်လိုချင်တယ်။ ‘ဝ’ ပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ရမယ်။ လွှတ်တော်ထဲဝင်မှ တောင်းဆိုလို့ ရမယ်”လို့ ပြောခဲ့တာပါ။

အဲ့ဒီမှတ်ချက်ပြုစကားအတွက် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို New Day Myanmar ကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က” ရနိုင်ခြေက ဘာတွေရှိတယ်၊ ဘယ်နေရာ ဘယ်နေရာ ရှိတယ် ကျနော် သေချာရှင်းပြပါတယ်။ လာတက်ရောက်တဲ့ သူတွေကတော့ အကုန်လုံးသဘောပေါက်တယ်။ ဒါပေမဲ့ သူတို့ ခေါင်းဆောင်ကို ရှင်းပြတဲ့အခါကျတော့ သူတို့ခေါင်းဆောင်က သ ဘောမတူတဲ့ ကိစ္စဖြစ်တော့ဆက်ပြီးတော့ ဆွေးနွေးလို့ မရတာ ဖြစ်ပါတယ်။” လို့ဆိုပါတယ်။

UWSA အနေနဲ့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိပေမယ့်၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်း ဆောင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအရ စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာလည်း UWSA ရဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

WWSA ဟာ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတချို့မှာ အခြေစိုက်ထားတဲ့ အင်အား အတောင့်တင်းဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

ဓာတ်ပုံ- UWSA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး