Homeပြည်တွင်းသတင်းICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေ ဖန်ပုပ်ခတ်တာနဲ့ ဖိအားပေးတဲ့ ရေးသားပြောဆိုခြင်းတွေမလုပ်ဖို့ စစ်ကော်မရှင် သတိပေးထုတ်ပြန်

ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေ ဖန်ပုပ်ခတ်တာနဲ့ ဖိအားပေးတဲ့ ရေးသားပြောဆိုခြင်းတွေမလုပ်ဖို့ စစ်ကော်မရှင် သတိပေးထုတ်ပြန်

၂၂ ဇန်နဝါရီ ၂၀၂၆

မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် ပြည် တွင်းမှာပြုလုပ်မယ့် ထောက်ခံပွဲအတွင်းအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ တ ရားသူကြီးတွေကို ဝေဖန်ပုပ်ခတ်တာအ ပြင် ဖိအားပေးတဲ့ရေးသားပြောဆိုခြင်းတွေမလုပ်ဖို့ စစ်ကော်မရှင် သတိပေးထုတ်ပြန်လာပါတယ်။

ဒါအပြင် ရိုဟင်ဂျာနာမည်တပ်ပြီး အမုန်းစကားမဖြန့်ဖို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံး အနှုန်းတွေ ရေးသားပြောဆိုတာမလုပ်ဖို့နဲ့ လက်ကိုင်ဆိုင်းဘုတ်ပြုလုပ်တာမျိုးတွေကို မပြုလုပ်ဖို့ သတိပေးတားမြစ်လိုက်တာပါ။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်နဲ့ အ ပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားရင်ဆိုင်နေရတာဖြစ်ပြီး၊ စစ်ကော်မရှင် ဝန်ကြီး ဦးကိုကိုလှိုင်ဦး‌ဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို လူမှုကွန်ရက်မှာ ထောက်ခံအားပေးတဲ့ ပို့စ်၊ ထုတ်ပြန်ချက်နဲ့ ထောက်ခံပွဲတွေလုပ်ရာမှာ လိုက်နာဖို့ဆိုပြီး စစ်ကော်မရှင်က အခုလိုထုတ်ပြန်တာဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ‌ တော့ ရိုဟင်ဂျာလို့ တိုက်ရိုက်မသုံးဘဲ တိုင်းရင်းသားအမျိုးအမည်မှာမပါဝင်တဲ့ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားတဲ့ လူမျိုးအမည်ကို သုံးစွဲပြီး ထိုအမည်ကို အမုန်းစကားများမပြုလုပ်ကြဖို့ ဆိုပြီး သုံးနှုန်း ဖော်ပြထားပါတယ်။

အခု ဇန်နဝါရီလအတွင်းလုပ်နေတဲ့ကြား နာပွဲမှာ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတချို့ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးစေလိုတဲ့ ရည်ရွယ်ချက်ရှိတယ်လိုလျှောက်လဲထားပြီး၊ မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုံးစေဖို့ဆိုတဲ့အချက်နဲ့ အမုန်းစကားဆိုတာက ဆက်စပ်မှုမရှိကြောင်းနဲ့ အမုန်းစကားနဲ့လူမျိုးတုံးသတ်ဖြတ်မှု ချိတ်ဆက်တယ်ဆိုသည့်တိုင် မြန်မာနဲ့ သက်ဆိုင်မှုရှိ မရှိ သက် သေမပြနိုင်ဘူးလို့ ချေပလျှောက်လဲထားပါတယ်။

၂၀၁၉ ခုနှစ်အတွင်း အနောက်အာဖရိကထဲက ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး (ICJ)မှာ မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲဒီအတွက် နောက်ဆုံးအဆုံးအဆင့်ဖြစ်တဲ့ နှစ်ဖက်ကြားနာပွဲတွေကို နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့ မှာ အများပြည်သူရှေ့ မှောက် ကြားနာပွဲတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး