၂၃ ဇန်ဝါရီ ၊ ၂၀၂၅
နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အနေနဲ့ ရခိုင်ပြည်နယ်အတွင်းရမှာ ရက္ခိုင့်တပ်တော်မှ ကျူးလွန်ခဲ့တဲ့စစ် ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး သင့်တယ်လို့ Fortify Rights မှ ဇန်နဝါရီလ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန် ပါတယ်။
ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ရက္ခိုင့်တပ်တော် (AA) မှ စစ်သားတွေနဲ့ အရပ်ဝတ်လူတစ်ချို့ ဖမ်းဆီးခံထားရသူနှစ်ဦးကို ညှင်းပန်းနှိပ်စက်ခြင်း၊ လည်ချောင်းအား လှီးဖြတ်ခြင်းတို့ပြုလုပ်ခဲ့တာကို မြင်တွေခဲ့ရတယ်လို့ Fortify Rights က ဆိုထားပါတယ်။
Fortify Rights အနေနဲ့ ကွပ်မျက်ခြင်းတွေ ဖြစ်ပွားခဲ့နိုင်ခြေရှိနေတဲ့ ပေါက်ကြားထားတဲ့ ဗီဒီယို မှတ်တမ်းနှစ်ခုကို စိစစ်လေ့လာရာမှာ ၎င်းတို့သည် စစ်မှန်မှုရှိနေတာ ယုံကြည်ရတယ်လို့ လည်းဆိုပါတယ်။
“အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်ပါတယ်” လို့ Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ပြောဆိုထားပါတယ်။
ဆက်လက်ပြီး ဖမ်းဆီးရမိတဲ့ ရန်သူ့တပ်သားတွေကိုလည်း စစ်သုံ့ပန်းတွေအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့် ပြီး ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှုတွေပေးကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ တာဝန် ရှိသူတွေကို ကို တရားစွဲဆိုသင့်တယ်လို့လည်း ၎င်းက ဆက်လက်ပြောဆိုထားပါတယ်။
Photo – Fortify Rights