Homeပြည်တွင်းသတင်းICC ရှေ့နေချုပ်ရဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းလျှောက်ထားမှုကို NUCC ကြိုဆိုကြောင်း ထုတ်ပြန်

ICC ရှေ့နေချုပ်ရဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းလျှောက်ထားမှုကို NUCC ကြိုဆိုကြောင်း ထုတ်ပြန်

၁၀ ဒီဇင်ဘာ၊ ၂၀၂၄

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းလျှောက်ထားမှုကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကော်မတီက ကြိုဆိုတယ်လို့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာလ ၁၀ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ရှေ့နေချုပ် Karim A.A က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တင်သွင်းသည့် လျှောက်လွှာကို နိုင်ငံတော်အတိုင်ပင်ခံကောင်စီ NUCC ကကြိုဆိုပြီး အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရားစွဲဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင်ဖမ်းဝရမ်းကို အတည်ပြုဖို့ ICC တရားခွင်အကြိုလွှတ်တော် ၁ ကို အခိုင်အမာ ထောက်ခံပြီး မင်းအောင်လှိုင်ကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တဲ့အပြင် မြန်မာစစ်တပ်က တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံတဝန်းက ပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရက်စက်ကြမ်းကြုတ်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့ပြီး စစ်တပ်ဟာ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ” နှင့် “စစ်ရာဇ၀တ်မှုများ” တွေ ကျူးလွန်တာ ဖြစ်တယ်လိ့ ဆိုပါတယ်။

မြန်မာနိင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ်ခေင်းဆောင်နဲ့ အကြမ်းဖက် စစ်အာဏာရှင်အစိုးရကို တာဝန်ယူစေဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရတွေအားလုံး တက်ကြွစွာ ပါဝင်ပေးဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီကို ICC က ရာဇ၀တ်မှုဆိုင်ရာ အရေးယူမှုတွေပြုလုပ်ပြီး ငွေမည်းခဝါချမှုတွေအတွက် ပြစ်ဒဏ်ပေးဖို့ အစိုးရနဲ့ နိုင်ငံစုံ ကော်ပိုရေးရှင်းတွေကို အလေးအနက် တောင်းဆိုလိုက်ကြောင်း ရေးသားဖော်ပြထားပါတယ်။

အဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် လူကုန်ကူးမှုဆိုင်ရာ လုပ်ရပ်တွေကို လုပ်တဲ့အတွက်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က အရေးယူဖို့ လုပ်ဆောင်နေတဲ့အတွက် ရှောင် မင်းအောင်လှိုင်အပါအဝင် သူ့ရဲ့ စစ်ကောင်စီနဲ့ ဆက်လက်လက်တွဲတဲ့ အစိုးရတွေနဲ့ နိုင်ငံတကာကုမ္ပဏီတွေဟာ ရှောင်လွှဲလို့မရတဲ့ အကျိုးဆက်တွေ ခံစားရမယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

Photo – NUCC

ဆက်စပ် သတင်းများ

Most read