အမေရိကန်နိုင်ငံ၊ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပွဲစဥ်တွေ မဲနှိုက်ပွဲမှာ ပေးအပ်ချီးမြှင့်ခဲ့တဲ့ FIFAက ပထမဆုံးပေးအပ်တဲ့ ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းများမှာ ဖော်ပြထားတယ်။
အဲ့ဒီဆုကို ရွေးချယ်ပေးအပ်ခဲ့တဲ့ FIFAရဲ့”လူမှုရေးတာဝန်ယူမှု” (Social Responsibility) ကော်မတီ ရဲ့ ဥက္ကဋ္ဌတာဝန်ကို ယူထားတဲ့သူကတော့ မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဖြစ်တယ်လို့သိရပါတယ်။
ငြိမ်းချမ်းရေးဆုကို FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဆီ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဆုရခဲ့တဲ့အပေါ် သမ္မတထရမ့်က အမေရိကန်ဟာ ကမ္ဘာမှ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးနိုင်ငံဖြစ် ကြောင်း၊သူ့ဘဝမှာ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုဆုကို ရရှိခဲ့တာကိ ဂုဏ်ယူပါကြောင်းတို့ကို ပြောကြားသွားခဲ့ပါတယ်။


