Homeပြည်တွင်းသတင်းEU က မြန်မာပြည်သူတွေအတွက် ယူရို ၃၃ သန်းထောက်ပံ့ကူညီမယ်

EU က မြန်မာပြည်သူတွေအတွက် ယူရို ၃၃ သန်းထောက်ပံ့ကူညီမယ်

၆ မတ်၊ ၂၀၂၅

ဥရောပသမဂ္ဂ EU အနေနဲ့ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ ကြောင့် ထိခိုက်ခံစားနေရသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရို ၇၆ သန်းကို ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအထဲက ယူရို ၃၃ သန်းကို မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရသူတွေကို ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ထောက်ပံ့မယ့် ၃၃ သန်းထဲမှာ အစားအသောက်၊ သန့်ရှင်းတဲ့ ရေ ရရှိရေး၊ နေရပ်စွန့်ခွာထွက်ပြေးရသူတွေ အတွက် နေရာထိုင်ခင်းရရှိရေး၊ ကျန်းမာရေးနဲ့ အရေးပေါ် ပညာသင်ကြားမှု၊ မြေမြုပ်မိုင်း အန္တရာယ်ပညာပေးနဲ့ မြေမြုပ်မိုင်းကြောင့် ထိခိုက်သူတွေကို ကူညီရေး၊ မုန်တိုင်းနဲ့ ရေကြီးနစ်မြုပ်မှုတွေကို ကာကွယ်အကူညီပေးရေးတို့ ပါဝင်ပါတယ်။

ယူရို ၇၆ သန်းထဲက ၃၂.၃ သန်းကို ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ ကို ကူညီထောက်ပံ့ပေးမှာဖြစ်ပြီး ၃.၅ သန်းကိုတော့ မြန်မာပဋိပက္ခတွေကြောင့် ဆက်နွယ်နေတဲ့ အိန္ဒိယ၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားက ဒုက္ခသည်တွေ ရှင်သန်နေထိုင်ရေးနဲ့ ဒေသအဖွဲ့အစည်းတွေကို ထောက်ပံ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

၆ သန်းကိုတော့ ဖိလစ်ပိုင်နိုင်ငံက သဘာ၀ဘေးနဲ့ ပြဿနာတွေ အတွက် သုံးစွဲမှာဖြစ်ပြီး ၁.၃ သန်းကိုတော့ အရှေ့တောင် အာရှတလွှား သဘာ၀ဘေးအတွက် ကြိုတင်ပြင်ဆင်ဖို့ သုံးစွဲမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo – EU

ဆက်စပ် သတင်းများ

Most read