Homeနိုင်ငံတကာသတင်းDonald Trump သမ္မတလောင်းမဲဆွယ်ပွဲမှာပစ်ခတ်ခံရ၊ သေနတ်သမားကိုအသေဖမ်းဆီးရမိ

Donald Trump သမ္မတလောင်းမဲဆွယ်ပွဲမှာပစ်ခတ်ခံရ၊ သေနတ်သမားကိုအသေဖမ်းဆီးရမိ

၁၄ ဇူလိုင်၊ ၂၀၂၄

Donald Trump သမ္မတလောင်း မဲဆွယ်ပွဲမှာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံခဲ့ရပေမဲ့ အသေးစားဒဏ်ရာရရှိပြီး အသက်ဘေးက လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ အမေရိကန်ပြည်ထောင်စု ၊ ပင်ဆီဗေးနီးယားပြည်နယ် ၊ ဘတ်တလာမြို့မှာ ဇူလိုင်လ ၁၃ ရက် ညနေ ၆ နာရီဝန်းကျင်ကကျင်းပခဲ့တဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းမဲဆွယ်ပွဲမှာ Donald Trump ဟာ စင်ပေါ်မှာ မဲဆွယ်ပြောကြားနေခဲ့ချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအချိန် ခေါင်မိုးပေါ်မှာ သေနတ်သမားတစ်ဦးရှိနေတယ်ဆိုတဲ့သတိပေးသံတွေကြားအပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကို ရုပ်သံမှတ်တမ်း‌တွေအရ တွေ့ရပါတယ်။

သေနတ်သမားဟာ ပွဲနဲ့ ပေ ၅၀ အကွာက အဆောက်အအုံအမိုးကို ရိုင်ဖယ်နဲ့တွားသွားနေတာကို မြင်တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

ပစ်ခတ်မှုတွေကြောင့် ပွဲကို တက်ရောက်လာသူတစ်ဦး သေဆုံးခဲ့ပြီး ၂ ဦးပြင်းထန်ဒဏ်ရာရခဲ့ကာ သေနတ်သမားကိုတော့ အထူးလျှို့ဝှက်အေးဂျင့်တွေက ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် အသေဖမ်းဆီးရမိခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် Donald Trump ဟာ ညာနားရွက်ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့ ပါတီမဲဆွယ်ရေးအဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်သမ္မတဟောင်း Donald Trump ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့ အမေရိကန် လုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ဒီမဲဆွယ်ပွဲကို တိုက်ခိုက်လိုက်တဲ့အပေါ် အမေရိကန်ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် နှစ်ဖက်စလုံးက နိုင်ငံရေးအကြမ်းဖက်မှုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

သေနတ်သမားဟာ အသက် ၂၀ အရွယ် Thomas Matthew Crooks ဖြစ်တယ်လို့ အမေရိကန်သတင်းဌာန တစ်ခုဖြစ်တဲ့ New York Post သတင်းဌာနကဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read