Homeပြည်တွင်းသတင်းDKBA ထိန်းချုပ်ထားတဲ့ မင်းလက်ပံရွာက ကျားဖြန့်ကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့တွေဆီ လွှဲပေးမယ်လို့ KNU ထုတ်ပြန်

DKBA ထိန်းချုပ်ထားတဲ့ မင်းလက်ပံရွာက ကျားဖြန့်ကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့တွေဆီ လွှဲပေးမယ်လို့ KNU ထုတ်ပြန်

၂၅ နိုဝင်ဘာ ၂၀၂၅

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)ထိန်းချုပ်ထားတဲ့ မင်းလက်ပံရွာက ကျားဖြန့်ကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အထူးစုံစမ်းထောက် လှမ်းရေးအဖွဲ့တွေဆီ လွှဲပေးမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လာပါတယ်။

KNU ရဲ့ စိုးရိမ်ချက်နဲ့ နိုင်ငံတကာအဖွဲ့အ စည်းတွေကိုအရေးပေါ်တိုက်တွန်းချက်ဆိုပြီး ဒီနေ့ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ ထုတ်ပြန်လာတာဖြစ်သလို ကျားဖြန့်နှိမ်နင်းရေးအတွက် KNU ကဆက်ဆောင် ရွက်မှာဖြစ်ပြီး ထိုင်းအစိုးရနဲလည်းနီးနီးကပ်ကပ် ဆက်လုပ်နေတယ်လို့ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတစ်ခုကို နိုဝင်ဘာ ၂၃ ရက်က မင်းလက်ပံရွာက ကျားဖြန့်လုပ်ငန်းကို KNU ကဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒီလုပ်ငန်းဟာ DKBA ထိပ်ပိုင်းခေါင်းဆောင် လေးဦးထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် စိုင်းကျော်လှ နဲ့ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် KNU အနေနဲ့ ကျားဖြန့်နဲ့ပတ် သက်တဲ့ အထူး‌ထောက်လှမ်း‌ရေးအဖွဲ့တွေဆီကို ရရှိထားတဲ့အချက်အလက်တွေလွှဲပေးမယ် ပြောဆိုထားပေမယ့် ဘယ်အဖွဲ့အစည်းတွေဆိုတာကိုတော့ ထုန်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ကရင်ပြည် နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ မင်းလက်ပံရွာနဲ့အင်ကြင်းမြိုင်ရွာဘက်ကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ပြီး၊ ကျေးရွာအဝင်လမ်းမဘေးမှာရှိတဲ့ DKBA တပ်ဖွဲ့လုံခြုံရေးယူထားတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတခုကိုလည်း ထိန်းချုပ်နိုင်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီနောက် ဒီကနေ့ နိုဝင်ဘာ ၂၅ရက်နေ့မှာ ကျားဖြန့်ကိစ္စနဲ့ပတ်သက်တဲ့ အချက် အလက်တွေကို အထူးစုံစမ်းထောက် လှမ်းရေးအဖွဲ့တွေဆီ လွှဲပေးမယ်လို့ KNU ထုတ်ပြန်လာတာဘဲဖြစ်ပါတယ်။

ပုံစာ-မင်းလက်ပံရွာနဲ့အင်ကြင်းမြိုင်ရွာဘက်ကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ပြီး သိန်းဆည်းရမိတဲ့ လက်နက်များ

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး