Homeပြည်တွင်းသတင်းDJ Violet ကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာ တော် ၅ ပါးကို သံဃာ့နာယက အဖွဲ့က ခံဝန်ထိုးခိုင်း

DJ Violet ကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာ တော် ၅ ပါးကို သံဃာ့နာယက အဖွဲ့က ခံဝန်ထိုးခိုင်း

၁၈ စက်တင်ဘာ ၂၀၂၅

မန္တလေးမြို့က ကလပ်တခုမှာ ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီချင်းကို DJ တီးခတ်ခဲ့တဲ့ DJ Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃနာယက အဖွဲ့အစည်းက ခံဝန်ထိုးခိုင်းမယ်လို့ ကနဦးသိရပါတယ်။

ခံဝန်ထိုးရမဲ့ ဆရာတော်တွေဟာသင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အပါ ဆရာတော် ၅ ပါးဖြစ်ပြီး၊ DJ Violet က ဝန်ချတောင်းပန်ခဲ့လို့ ခွင့်လွှတ်ကြေအေးပေးခဲ့ကြတဲ့ ဆရာတော်တွေဖြစ်ပါတယ်။

” သက်ဆိုင်တဲ့ဆရာတော်မဟုတ်ပေမယ့် သူတို့လက်လှမ်းမီတဲ့ ဆရာတော်တွေကိုတောင်းပန်ခဲ့ပြီပြီဘဲ။ အဓိက ကအမှားကိုသိလို့တောင်းပန်းရင်ရပြီလိုမြင်တယ်။ ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမ္မတေးဟာ ဗုဒ္ဓ ဘာ သာကိုးကွယ်သူတိုင်းနဲ့ သက်ဆိုင်တဲ့အ တွက် ကျေအေးသင့်တာဘဲ။ အခုဟာက တပ်ဘောမတွေက ဝိုင်းလှော်ကြလို့ ဒီအခြေအနေအထိဖြစ်လာတာပေါ့။”လို့ ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုပြောပါတယ်။

ခင်ထွေးထွေးမွန် (ခ) DJ Violet တောင်း ပန်တာကို လက်ခံခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က နောက်နောင်အခုလိုကိစ္စတွေမှာ ခွင့်မလွှတ်ဖို့ ခံဝန်လက် မှတ်ထိုးခိုင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ အခုဖြစ်စဉ်လိုမျိုးဖြစ်လာရင် ကျူးလွန်သူဘက်က သံဃအဖွဲ့အ စည်းကို အကာအကွယ်ယူစော်ကားလာမှာကြောင့် ခံဝန်လက်မှတ်ထိုးခိုင်းတာဖြစ်တယ်လို့ သံဃနာယကအဖွဲ့အစည်းနဲ့ နီးစပ်တဲ့ ဆရာတော်တပါးက New Day Myanmar ကိုပြောပါတယ်။

လတ်တလော စစ်ကော်မရှင်က ‘ဗုဒ္ဓ သရ ဏံ ဂစ္ဆာမိ’ ဓမ္မတေးကို DJ တီးခတ်ဖျော် ဖြေခဲ့တဲ့ DJ Violet ကို မန္တလေးမြို့ မ ဟာအောင်မြေမြို့နယ်၊ အမှတ်(၉) မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့

အမှုဖွင့်ထားပြီး၊ Cover Club ဆိုင်ပိုင်ရှင်အပါ ဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး