HomeဗွီဒီယိုBurmese Army The hell for soldiers of minorities

Burmese Army The hell for soldiers of minorities

မိသားစုလိုက် လူ့အခွင့်အရေးချိုးဖောက်ခံရမှု စီဒီအမ် စစ်သည်မိသားစုဖွင့်ချ

စစ်တပ်တွင် ၁၅ နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့သည့် ဒုတပ်ကြပ် ကိုအောင်အောင်သည် မိရိုးဖလာဗုဒ္ဓဘာသာဝင်မိသားစုမှ ဆင်းသက်လာသည့် ဗမာလူမျိုးတစ်ဦးဖြစ်သော်လည်း အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦးကို အိမ်ထောင်ပြုခဲ့သဖြင့် ဌင်းတာဝန်ထမ်းဆောင်နေသည့် စစ်တပ်အတွင်း ခွဲခြားဆက်ဆံမှုပေါင်းစုံကို ကလေးငယ်များပါမကျန် မိသားစုလိုက်ကြုံတွေ့ခဲ့ရသူဖြစ်သည်။

ကိုအောင်အောင်၏ အစ္စလာမ်ဘာသာဝင် ဇနီးသည် မချိုချိုမြင့်သည် စစ်တပ်အတွင်းနေထိုင်စဥ်ကာလတစ်လျောက်လုံးတွင် ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းကိုးကွယ်ရန် အတင်းအကြပ် ဖိအားပေးစေခိုင်းခံရခြင်း၊ ဘုရားရှိခိုးခိုင်းခြင်း ၊ ဘုရားရှိခိုးရန်ပျက်ကွက်ပါက ပေ ၃၀၀ ခန့်ကျယ်သည့် မြေကွက်ကို တစ်ဦးတည်း မြက်ပေါက်ရန် အပစ်ပေးခံရခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။

ကိုအောင်အောင်နှင့်မချိုချိုမြင့်တို့၏ သမီးငယ်များကိုလည်း စစ်တပ်အတွင်း အစ္စလာမ်ဘာသာဝင်များ ရှောင်ကြည်သည့် အသေသားနှင့် ဝက်သားစသည်များကို ဖိအားပေးကာ စားသောက်စေရန်ပြုကျင့်ခြင်းများကို ပြုလုပ်ခံခဲ့ရသည်။ ယင်းသို့သော လူမျိုးရေး ဘာသာရေးအရ ခွဲခြားဖိနိုပ်မှုများကြောင့် ဒုတပ်ကြပ်အောင်အောင်သည် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် အခြားစစ်သည်တစ်ဦးနှင့်အတူ သေနတ် ၃ လက်ယူဆောင်ကာ လွတ်မြောက်နယ်မြေသို့ ထွက်ပြေးပြီး CDM လှုပ်ရှားမှုတွင် ပူးပေါင်းခဲ့သည်။

(မှတ်တမ်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက် Minority Affairs Institute (MAI Myanmar) က ကူညီပံ့ပိုးသည်။)

ဆက်စပ် သတင်းများ

Most read