Homeပြည်တွင်းသတင်းBGF ခေါင်းဆောင်စောချစ်သူပိုင် ကုမ္ပဏီကို Black Lists စာရင်းကနေ ပယ်ဖျက်တယ်လို့ စစ်ကော်မရှင် ဗဟိုဘဏ်ကြေညာ

BGF ခေါင်းဆောင်စောချစ်သူပိုင် ကုမ္ပဏီကို Black Lists စာရင်းကနေ ပယ်ဖျက်တယ်လို့ စစ်ကော်မရှင် ဗဟိုဘဏ်ကြေညာ

ဇန်နဝါရီ ၂၀၂၆

ကရင်နယ်ခြားစောင့်တပ် (BGF)ကနေ

ကရင့်အမျိုးသားတပ်မတော်(KNA) လို့ပြောင်းလဲလိုက်တာကြောင့် စစ်ကော်မ ရှင်နဲ့ စစ်ရေးတင်းမာနေချိန်မှာ BGF ခေါင်းဆောင်စောချစ်သူပိုင် ကုမ္ပဏီကို Black Lists စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်ကော်မရှင်ဗဟိုဘဏ် ဒီဇင် ဘာ ၃၀ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူရဲ့ ကုမ္ပဏီအပါ ကုမ္ပဏီ ၁၉၀ ကျော်ကို ပို့ကုန်ရငွေ ပြန်မသွင်းမှုနဲ့ ပြီးခဲ့တဲ့နှစ်ဇူလိုင် ၁ရက်နေ့မှာ စစ်ကော်မရှင်က အမည်ပျက်စာရင်းကြေညာခဲ့တာပါ။

“အဲဒီ ၃၀ ရက်နေ့မှာဘဲ စစ်ကော်မရှင်နဲ့ စောချစ်သူတို့ အမည်ပြောင်း ဘက်ပြောင်းတဲ့ကိစ္စနဲ့အဆင်မပြေဘဲ စစ်တင်းမာခဲ့တယ်။ အဲ့ဒီနေ့မှာဘဲ စစ်တပ်က စောချစ်သူပိုင် အမည်ပျက်စာရင်းသွင်းထားတဲ့ကုမ္ပဏီကို ပယ်ဖျက်လိုက်တယ်။ ဒါက ကစားနေကြတာလို့ဘဲမြင်တယ်။ နှစ်ဖက်စလုံးဘယ်သူမှယုံလို့ကိုမရဘူး။ စစ်သားတွေဖြစ်ပြီး မိန်းမဉာဏ်တွေအရမ်းသုံးနေကြတာ သိသာတယ်။ ခင်ညွှန့်လက်ထက်က ငြိမ်းချမ်းရေးနဲ့ ကားဝပ်သောက်ပါမစ် အပေအယူလုပ်သလိုပါဘဲ”လို့ အမည်မဖော်လိုတဲ့ ပြည်သူ စစ်ရေးစောင့်ကြည့်သူတဦးက ပြောပါတယ်။

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတာကြောင့် Black Lists စာရင်းထည့် သွင်းခံထားရတဲ့ ကုမ္ပဏီ ၁၉၇ ခုအနက် ကရင်နယ်ခြားစောင့်တပ်က ဗိုလ်မှူးချုပ် စောချစ်သူပိုင်ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၂၉ ခုဟာ ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Black Lists ထည့် သွင်းတာကနေ ပယ်ဖျက်တယ်လို့ ကြေ ညာခဲ့တာဘဲဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ အတွင်း ပို့ကုန်ရငွေ ပြန်လည်မပေးသွင်းတဲ့ ကုမ္ပဏီ ၁၉၇ ခုအထဲမှာ ဗိုလ်မှူးချုပ် စောချစ်သူပိုင်တဲ့ Chit Linn Myaing Toyota Company လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး