၁၈ မတ်၊ ၂၀၂၅
Arakan Rohingya Salvation Army ခေါ် ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့ခေါင်းဆောင် Ataullah ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးရမိထားကြောင်း ဘင်္ဂလားဒေ့်ရှ် ရဲတပ်ဖွဲ့ကို အတည်ပြုထားတဲ့ သတင်းရင်းမြစ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
Ataullah အပါအဝင် လူ ၅ ဦးကို ဖမ်းဆီးရမိထားတာ ဖြစ်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ARSA အဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းမှုတွေ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာလည်း လူစုဆောင်းခြင်း ၊ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရခိုင်ဒေသက ပြည်သူတွေနဲ့ AA တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။