၂၁ ဇန်နဝါရီ၊ ၂၀၂၅
နတ်မြစ်ဝမှာ တွေ့ရှိပြီး ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်ကုန်တင်သင်္ဘောလေးစင်းထဲက နှစ်စင်းကို ဇန်နဝါရီလ ၂၀ ရက်မှာ အာရက္ခတပ်တော် (AA) က ပြန်လွှတ်ပေးလိုက်တယ်လို့ ဘဂင်္လားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ကုန်တင်သင်္ဘောနှစ်စင်းဟာ တနင်္လာနေ့ နေ့လယ်ပိုင်းက တက္ကနပ်ဖ်ဆိပ်ကမ်းကို ပြန်ပြီးရောက်ရှိတယ်လို့ ဆိုပါတယ်။ နောက်သင်္ဘောနှစ်စင်းကိုတော့ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိန်းသိမ်းထားတဲ့ သင်္ဘောတွေဟာ တက္ကနပ်ဖ်ဆိပ်ကမ်း တဖက်ကမ်းမှာ ထိန်းသိမ်းထားတယ်လို့ တက္ကနပ်စ်ဆိပ်ကမ်းအာဏာပိုင်ညွှန်ချုပ် Jasim Uddin Chowdhury က TheReport သတင်းစာကို ပြောဆိုထားပါတယ်။
ဒီသင်္ဘောတွေဟာ ငါးခြောက်နဲ့ ကွမ်းသီးတွေ အပါအဝင် တခြားကုန်ပစ္စည်းတွေ တင်ဆောင်ပြီး ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာလာပြီး ဇန်နဝါရီလ ၁၆ ရက်က နတ်မြစ်ဝမှာ AA က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – The Report