Homeပြည်တွင်းသတင်းAA နဲ့ ဆက်သွယ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီ ကန့်ကွက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်က ပယ်ချ

AA နဲ့ ဆက်သွယ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီ ကန့်ကွက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်က ပယ်ချ

မေ၊ ၂၀၂၅

ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်ကောင်စီက ကန့်ကွက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ပယ်ချလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသတွင်းသတင်းတွေမှာ ဖော်ပြမှုအရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ လက်ရှိကြားဖြတ်အစိုးရအဖွဲ့အနေနဲ့ နယ်စပ်ဒေသ‌ တွေမှာ AA နဲ့ ထိတွေ့ဆက်ဆံမှု‌ေတွကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဒီလိုလုပ်ဆောင်ခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် အမျိုးသား လုံခြုံရေး အကြံပေး ခါလီလာရာမန်ကနိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဖို့လိုအပ်တယ်လို့ ယူဆရင် မည်သည့်အဖွဲ့နဲ့အစည်းနဲ့မဆို ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ မေလ ၆ ရက်နေ့က သေတွင်းသတင်းမီဒီယာတွေကိုပြောဆိုထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနယဲ့ နယ်စပ်ဖြတ်ကျော် ပြဿနာ တွေကို ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်ဆောင်ရွက်နေသလို မွတ်ဆလင်ဒုက္ခသည်‌ တွေပြန်ပို့နိုင်ရေးအတွက်လည်း စစ်ကောင်စီနဲ့ ပါ အာရက္ခတပ်တော်နဲ့ပါ နှစ်ဖွဲ့စလုံးကို ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအ‌ နေနဲ့ ရက္ခိုင့်တပ်တော် AA ကို တရားဝင်အသိအမှတ်ပြု ဆက်ဆံခြင်း မရှိသေးကြောင်း နဲ့ နယ်စပ်ဖြတ်ကျော် ပြဿနာ တွေကိုကိုသာ ထိတွေ့ဆက်ဆံနေခြင်းသာ ဖြစ်တယ်လို့ပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read