Homeပြည်တွင်းသတင်းAA ခေါ် ဆောင်စစ်ဆေးနေတဲ့သတင်း​ထောက်ကိုပြန်လွှတ်ပေးဖို့ IMJA တိုက်တွန်း

AA ခေါ် ဆောင်စစ်ဆေးနေတဲ့သတင်း​ထောက်ကိုပြန်လွှတ်ပေးဖို့ IMJA တိုက်တွန်း

၂၃ စက်တင်ဘာ ၂၀၂၅

ရခိုင်သတင်းဌာနတခုက အမျိုးသမီးသတင်းထောက်တဦးကို အာရက္ခတပ်တော်(ULA/AA)က ခေါ်ဆောင်စစ်ဆေးနေတဲ့အပေါ် ပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အ စည်းအရုံး (IMJA)က ဒီကနေ့ စက်တင် ဘာ ၂၃ ရက်မှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

လတ်တလေ အခြေအနေအရအမျိုးသ မီးသတင်းထောက် မုဒြာဟာ မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေတာကြောင့် လွတ်လပ်သော မြန်မာသတင်း စာဆရာများအစည်းအရုံး (IMJA)အနေနဲ့ အလွန်တရာ စိုးရိမ်ပူပန်လျက်ရှိတယ်လိုဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီလူ့အဖွဲ့အစည်းအ တွင်း သတင်းထောက်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကိုအသိအမှတ်ပြုပြီး သ တင်းမီဒီယာသမားတွေကိုအကာအကွယ်ပေးတဲ့ နိုင်ငံတကာဥပဒေတွေကို လေး စားလိုက်နာကာ အမြန်ဆုံးလွှတ်ပေးရန် အာရက္ခတပ်တော်(AA)အား လေးစားစွာ တိုက်တွန်းတောင်းဆိုအပ်တယ်လို့ဖော်ပြထားပါတယ်။

ဒီမိုကရေစီကို တန်ဖိုးထားလေးစားတဲ့အာရက္ခတပ်တော် (AA) အနေနဲ့လည်း သတင်းမီဒီယာသမားတွေရဲ့အခွင့်အရေးတွေကို လေးစားတန်ဖိုးထားပြီး မရှိမဖြစ်လိုအပ်တဲ့ သတင်းထောက်တွေရဲ့လုပ် ငန်းစဥ်တွေကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးပေးတာဟာအားကောင်းတဲ့ စံနမူနာပြနိုင်မှာဖြစ်တယ်လို့ ယုံကြည်ကြောင်း တိုက်တွန်းထားပါတယ်။

အမျိုးသမီးသတင်းထောက် မုဒြာဟာ ရခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Border News Agency(BNA)ရဲ့သတင်းထောက်တဦးဖြစ်ပြီး၊ သူမကို စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်လောက်မှာ မောင်တောမြို့မှာရှိတဲ့ သူမနေအိမ်ကိုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ထောက်လှမ်းရေးဌာနက လာရောက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သူမရဲ့ မိခင်သတင်းဌာနဖြစ်တဲ့ BNA က မနေ့က ထုတ်ပြန်ချက်အသိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး