Homeပြည်တွင်းသတင်းAA က ဖမ်းဆီးထားတဲ့ အမျိုးသမီး သတင်းထောက် တပတ်ကျော်တဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရ

AA က ဖမ်းဆီးထားတဲ့ အမျိုးသမီး သတင်းထောက် တပတ်ကျော်တဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရ

၂၉ စက်တင်ဘာ ၂၀၂၅

အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားတဲ့ အမျိုးသမီး သတင်းထောက် မုဒြာဟာ ဖမ်ဆီးခံရပြီး တပတ်ကျော်ကြာတဲ့ အထိ ပြန်လွတ်လာတာမရှိသလို မိသားစုနဲ့လည်း အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။

အမျိုးသမီးသတင်းထောက် မုဒြာဟာ ရခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Border News Agency(BNA)ရဲ့သတင်းထောက်တဦးဖြစ်ပြီး၊ သူမကို စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်လောက်မှာ မောင်တောမြို့မှာရှိတဲ့ သူမနေအိမ်ကိုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ထောက်လှမ်းရေးဌာနက လာရောက်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

အဲ့ဒီလို ခေါ်ဆောင်သွားပြီးနောက်မှာ ၉ ရက်အကြာ စက်တင်ဘာ ၂၉ ရက်အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ပါတယ်။

Border News Agency(BNA) ရဲ့ အယ်ဒီတာချုပ် ကိုကောင်မရတ်နိုင်က “”ULA/AA ဖက်က ဖမ်းဆီးတာမဟုတ်ပါဘူး။ခေါ်ယူစစ်ဆေးနေတာပါလို့ပြောထားတာကို သတိထားမိပါတယ်။ဘယ်အချိန်ထိ စစ်ဆေးနေမလဲဆိုတာကတော့ ကမ္ဘာကြီးက မေးခွန်းထုတ်ရမှာပါ။ ဘယ်အချိန်ထိစစ်ဆေးခွင့်ရှိလဲဆိုတာကတော့ ဥပဒေသမားတွေမေးခွန်းထုတ်ရမယ်ထင်ပါတယ်။” လို့ New Day Myanmar ကိုပြောပါတယ်။

သတင်းထောက် လွှတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်း ( IMJA ) နဲ့ သတင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) တို့ကလည်း သတင်းထောက် မု​ဒြာကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အာရက္ခတပ်တော် (AA) ကိုတောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး