Homeဗွီဒီယို၇.၇.၆၂ ကို မမေ့ကြဖို့ ရန်ကုန်မှာ လှုပ်ရှားမှုပြုလုပ်

၇.၇.၆၂ ကို မမေ့ကြဖို့ ရန်ကုန်မှာ လှုပ်ရှားမှုပြုလုပ်

၇ ဇူလိုင်၊ ၂၀၂၄

ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစု (AJAY) ရဲဘော်တွေက “၇.၇.၆၂ ကို မမေ့ကြဖို့” လှုပ်ရှားမှုလုပ်ခဲ့ကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်နေတဲ့ နေရာတွေမှာ လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို စစ်ကောင်စီတပ်က ရက်စက်စွာပစ်သတ်ခဲ့ပြီး သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖျက်ဆီးခဲ့တဲ့ အာဏာရှင်ရဲ့ ရက်စက်မှုနဲ့ သမိုင်းကို မမေ့ကြစေဖို့ ရည်ရွယ်ထားတာလို့ AJAY က ဆိုပါတယ်။

AJAY ရဲဘော်တွေက အာဏာရှင်စနစ်က မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေတာကို သတိထားပြီး အဲဒီစနစ်ဆိုးကို အခွင့်အလမ်းရလာတဲ့အခါ အမြစ်ပြတ်ဖျက်ဆီးဖို့ တော်လှန်ရေးကို တတ်နိုင်တဲ့အနေနဲ့ ပါဝင်ဖို့ တိုက်တွန်းပါတယ်။

ဆက်စပ် သတင်းများ

Most read