Homeပြည်တွင်းသတင်း၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရတဲ့အပြင် လွမ်းသူ့ပန်းခွေ ပို့ခွင့်မရ

၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရတဲ့အပြင် လွမ်းသူ့ပန်းခွေ ပို့ခွင့်မရ

၁၉ ဇူလိုင်၊ ၂၀၂၄

၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို စစ်ကောင် စီက မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရတဲ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ဦးအနေနဲ့ လွမ်းသူ့ ပန်းခွေ ပို့ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ကောင်စီက အာဏာသိမ်းယူဖို့အတွက် ဖမ်းဆီးအကျဉ်းချခံ ထားရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ၄ နှစ်ဆက်တိုက် အာဇာနည်နေ့အခမ်းအနား တက်ခွင့်မပေးခဲ့တဲ့အပြင် ဒီနှစ်မှာ လွမ်းသူ့ပန်းခွေ ပို့ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီနေ့ ၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦး က လွမ်းသူပန်းခွေကို ကိုယ်တိုင်တက်ရောက်ချသွားခဲ့ပါတယ်။
အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီဘက်မှ ဗိုလ်ချုပ်ကြီးအဆင့် တစ်ဦး တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်းနှစ်တွေမှာ အာဇာနည်နေ့အခမ်းအနားကို အဆင့်နှိမ့်ချ ကျင်းပ ပြုလုပ်ပါတယ်။
ဒီနှစ် အာဇာနည်နေ့ မနက် ၁၀နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ပေါ်မှာ အရင်နှစ်တွေကလို ကားဟွန်း ရှည်တီးတာနဲ့ ဥဩဆွဲတာတွေ မရှိပေမဲ့ လမ်းပေါ်မှာ ဖြတ်သန်းသွားလာသူတွေနဲ့ မော်တော်ယာဉ် တွေအကုန် တစ်မိနစ် ငြိမ်သက်နေခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read