Homeပြည်တွင်းသတင်း၇ရက်၇လ ကျောင်းသားအရေးအခင်း အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို ဆန့်ကျင်တဲ့ စာတန်းတွေ ချိတ်ဆွဲ

၇ရက်၇လ ကျောင်းသားအရေးအခင်း အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို ဆန့်ကျင်တဲ့ စာတန်းတွေ ချိတ်ဆွဲ

၇ ဇူလိုင်၊ ၂၀၂၄

ရန်ကုန်မြို့ တော်လှန်ရေးအင်အားစုတွေက စုပေါင်းပြီး 7th July အရေးအခင်းအထိမ်းအမှတ်လှုပ်ရှားမှူအနေနဲ့ “၇.၇.၆၂ – သွေးကြွေးပြန်ယူမယ်” ၊ “စစ်အာဏာရှင်နိဂုံးချုပ်မှ 7 July အဖြစ်မျိုးလွတ်မယ်” စာတန်းများကို ချိတ်ဆွဲခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၅၀၀၀ ၀န်းကျင်လောက် စုရုံး ဆန္ဒပြခဲ့ကြပြီး ခေါင်းဆောင်တွေနဲ့ ကျောင်းသားတွေ ကျောင်းသားသမဂ္ဂအဆောက်အအုံမှာ ရှိနေတုန်းမှာ ဗိုလ်ချုပ်နေ၀င်းက သူ့စစ်တပ်ကို သမဂ္ဂအဆောက်အအုံကို ဗုံးဖောက်ခွဲကာတိုက်ခိုက်ခဲ့တဲ့အတွက် လက်နက်မဲ့ ကျောင်းသား တစ်ရာကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရခဲ့ကြပါတယ်။

ဒါကြောင့် ဒီနေ့ ကျောင်းသားသမဂ္ဂ ဖြိုချခံရတဲ့ အရေးအခင်း အထိမ်းအမှတ် လှုပ်ရှားမှုကို Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Communityနဲ့ LinnYoungNi Youth Association (LYNYA) ရန်ကုန်တော်လှန်ညီနောင်၄ဖွဲ့က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “၇.၇.၆၂ – သွေးကြွေးပြန်ယူမယ်” စာတန်းတွေကို Shirt အင်္ကျီအဖြူတွေပေါ် သွေးရောင်နဲ့ ရေးဆွဲပုံဖေါ် ရန်ကုန်မြို့တစ်နေရာမှာ ချိတ်ဆွဲပြီး အကြမ်းဖက်စစ်တပ်ဆန့်ကျင်ရေး အာဏာဖီဆန်လှုပ်ရှားမှုကို ပြုလုပ်ကြတာ ဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

Most read