Homeပြည်တွင်းသတင်း၆၃ နှစ်ပြည့် ဆဲဗင်းဂျူလိုင် အထိမ်း အမှတ် ဓာတ်ပုံကမ်ပိန်းပြုလုပ်

၆၃ နှစ်ပြည့် ဆဲဗင်းဂျူလိုင် အထိမ်း အမှတ် ဓာတ်ပုံကမ်ပိန်းပြုလုပ်

ဇူလိုင် ၂၀၂၅

ဒီကနေ့ ဇူလိုင် ၇ ရက်မှာကျရောက်တဲ့ ၆၃ နှစ်ပြည့် ဆဲဗင်းဂျူလိုင် အထိမ်း အမှတ် ဓာတ်ပုံကမ်ပိန်းတစ်ခုကို မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားပေါင်း ရာနဲ့ချီ အသက်ပေးခဲ့ရတဲ့ 7 July (ဆဲဗင်းဂျူလိုင်) (၆၃)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြောင်းမြကျောင်းသား ကိုကျော်ဝင်းရဲ့ သွေးနဲ့ ရေးသားခဲ့တဲ့ “၇.၇.၆၂ကို မမေ့ကြနဲ့” ကြွေးကြော်စာကို ဓာတ်ပုံကမ်ပိန်းအဖြစ် ပူးပေါင်းပါဝင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆဲဗင်းဂျူလိုင်နေ့ဟာ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ ဦးနေဝင်းအစိုးရအာဏာသိမ်းမှုအပေါ် ကျောင်းသားထုက ဆန္ဒပြခဲ့တာကြောင့် စစ်တပ်က ကျောင်းသား/သူ ကျောင်းတွေကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ ကျောင်းသားသမဂ္ဂအ ဆောက်အဦကို ဗုံးခွဲဖျက်ဆီးခဲ့တဲ့ နေ့တစ်‌နေ့လည်းဖြစ်ပါတယ်။

ဓာတ်ပုံ -မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး