၁၅ မတ် ၊ ၂၀၂၅
ကိုဗစ်ကာလနှင့် အာဏာသိမ်းကာလအတွင်း မကျင်းပခဲ့တဲ့ ဟိုလီပွဲတော်ကို ယနေ့ ရန်ကုန်မြို့ မှာပြန်လည်ကျင်းပခဲ့ပါတယ်။
မွန်းတည့်ချိန် ၁၂ နာရီခန့်မှစပြီး ရန်ကုန်မြို့ ၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိအင်းလျားလိတ်ဟိုတယ်မှာ ကျင်းပနေတာဖြစ်ပါတယ်။
ဟိုလီပွဲတော်ဟာ ရောင်စဉ်၊ ချစ်ခြင်းမေတ္တာ၊ နွေဦးတို့ကို ကိုယ်စားပြုသော ပွဲတော်ဖြစ်ပြီး ရောင်စုံအမှုန့်များဖြင့် သုတ်လိမ်းသလို ရောင်စုံအရည်များကို ရေပြွတ်များထဲထည့်ကာ တစ်ဦးနှင့်တစ်ဦး ဖြန်းပက်ကြတာ လည်းဖြစ်ပါတယ်။
ဟိန္ဒူဘာသာဝင်များ၏ ဟိုလီပွဲတော် (သင်္ကြန်) ကိုဟိန္ဒူ၊ ဂေါ်ရခါး၊ ပန်ချာပီ ဘာသာ၀င်များအပါအဝင် ဗမာတိုင်းရင်းသားလူမျိုးများကလည်း ဝင်ရောက်ဆင်နွှဲခဲ့ကြတာကို တွေ့ရပါတယ်။
Photo – su