စစ်ကော်မရှင်က ပုဒ်မ ၅၀၅ နဲ့ အမှုခြင်းခံရတဲ့ လူတွေအားလုံးကို ပြန်လွှတ်ပေးမယ်လို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဝါဒဖြန့်မီဒီယာတွေကနေတဆင့် ကြေညာလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဆန္ဒပြသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကော်မရှင်က ပုဒ်မ ၅၀၅ က နဲ့ အများဆုံးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ကြွေးကြော်ထားတဲ့ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ မှာ အခုလိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလာတာဖြစ်ပါတယ်။
ဒီလိုလွတ်ငြိမ်းချမ်းသားခွင့်မပေးခင်မှာ အကျဉ်းထောင်အသီးသီးမှာ ရွေးကောက်ပွဲမှာမဲပေးဖို့အတွက် အကျဉ်းဦးစီးဌာနက စည်းရုံးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံရေးအကျ်ဉ်းသားရေးတက်ကြွလှုပ်ရှားသူတွေကပြောကြပါတယ်။


