နွေရာသီကိုအကြောင်းပြပြီး စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ၄ နာရီလာ ၈ နာရီပျက် ပုံစံနဲ့ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနေပါတယ်။
၄ နာရီလာ ၈ နာရီပျက် စနစ်ဖြင့် မီးပေးသော်လည်း မီးပျက်ချိန်ပိုများနေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေထံက New Day Myanmar က စုံစမ်းသိရပါတယ်။
“မီး ၄ နာရီပေးတာတောင် မမှန်ဘူး။ ၁ နာရီလောက်လာပြီး ပြန်ပြန်ပျက်သွားတာ။ ဘာမှလုပ်လို့မရဘူး။ ဒါတောင် နွေရာသီလုံးလုံးမရောက်သေးဘူး” လို့ သာကေတမြို့နယ်မှာ နေထိုင်သူတဦးကပြောပါတယ်။
A,B,C ၃ အုပ်စု ပြန်ဖြစ်သွားတဲ့အတွက် ၄ နာရီလာ ၈နာရီပျက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမယ်လို့ သက်ဆိုင်ရာ မြို့နယ်အသီးသီးကလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း ယခင်က ၄ နာရီပျက်၊ ၄ နာရီလာစနစ်နဲ့မီးပေးနေတဲ့ မြို့နယ်တွေမှာလည်း ဓာတ်အားပြတ်တောက်နေသလို ယခုတကြိမ်လျှပ်စစ်မီးပြတ်တောက်မှုက ယခင်ထက် ပိုမိုဆိုးရွားလာတာဖြစ်ပါတယ်။
Photo – Su Su (New Day Myanmar)