Homeပြည်တွင်းသတင်း၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ဖို့ရှိနေ

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ဖို့ရှိနေ

၂၀ အောက်တိုဘာ ၂၀၂၅

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့တော်ရှိ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာမှာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ကျင်းပပြုလုပ်သွားမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ဖို့ရှိနေတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့် သတင်းတွေကို ရေးသားနေတဲ့ သတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။

စစ်ကော်မရှင်ဝါဒဖြန့် သတင်းဌာနတွေက ရေးသားဖော်ပြနေကြပေမယ့် နိုင်ငံတကာသတင်းတွေမှာတော့ ဖော်ပြတာမျိုးမတွေ့ရသေးပါဘူး။

ဒါဟာ စစ်တပ်က တရားမဝင် အာဏာသိမ်းမှုအပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ အာဆီယံထိပ် သီးအစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ဖြစ်လာမှာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းက စပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တက်ရောက်မှာဖြစ်တဲ့အပြင် အမေရိကန်သမ္မတထရမ့်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ တရုတ်သမ္မတရှီကျင့်ဖျင်၊အီတလီဝန်ကြီးချုပ် မယ်လိုနီ၊ ကနေဒါဝန်ကြီးချုပ် ကာနေးအစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေလည်းလာ ရောက်ကြဖို့ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ – စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတွေ တက်ခွင့်မပေးတာကြောင့် မြန်မာနိုင်ငံနေ့ရာခုံအလွတ်ကိုတွေ့ရစဉ်

ဓါတ်ပုံ – (Pool photo via Reuters)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး