၇ နိုဝင်ဘာ၊ ၂၀၂၄
ရွေးကောက်ပွဲအောင်မြင်ဖို့ မဲ ၂၇၀ ရဖို့ လိုအပ်တာကို ရီပတ်ဘလစ်ကန်ပါတီက ၂၆၇ မဲ ၊ ဒီမိုကရက်ပါတီက ၂၂၄ မဲ ရရှိပြီးနောက်မှာ ဒေါ်နယ်ထရန့်က သမ္မတသစ်အဖြစ် အောင်ပွဲခံမိန့်ခွန်း ထွက်ပြောသွားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရန့်ဟာ နယ်စပ်ရေးရာ ဖြေရှင်းဖို့၊ တရားမဝင် ဝင်ရောက်လာသူတွေကို နိုင်ငံပြန်ပို့ဖို့၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူဌေးတွေကို အခွန်လျှော့ကောက်ဖို့၊ စစ်ပွဲတွေမှာ အမေရိကန်ကို မပါဝင်စေဖို့ စတဲ့အချက်တွေနဲ့ မဲဆွယ်ခဲ့တာပါ။
အခု ဖလော်ရီဒါပြည်နယ်၊ ပန်းဘိချ်မှာလုပ်တဲ့ အောင်ပွဲခံ မိန့်ခွန်းမှာ ထရန့်ဟာ သူ့အနေနဲ့ အမေရိကန်ကို ဒဏ်ရာတွေက ကျက်အောင် ကုစားမှာဖြစ်ကြောင်းနဲ့ အမေရိကန် ရွှေခေတ် ပြန်ဖြစ်ပြီလို့ ဆိုပါတယ်။ သူ့ဇနီးသယ် မယ်လာနီထရန့်ကိုလည်း သမ္မတကတော်အဖြစ် သုံးစွဲသွားပါတယ်။
ရီပတ်ဘလစ်ကန်ပါတီ ဒုသမ္မတလောင်း JD Vance ဟာ ဒေါ်နယ်ထရန့်ကို အရင်က ဟစ်တလာနဲ့ ခိုင်းနှိုင်းဖူးပြီး အပြင်းအထန် ဆန့်ကျင်ဖူးသူဖြစ်ပါတယ်။ ဒေါ်နယ်ထရန့် အောင်ပွဲမိန့်ခွန်းမှာ သူ့ကို အကြီးအကျယ်ထောက်ခံအားပေးသူ အီလွန်မတ်စ်ကိုလည်း ချီးကျူးပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရန့်အနိုင်ရခြင်းအတွက် ယူကေရဲ့ ဝန်ကြီးချုပ် ကီယာစတာမာ၊ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု၊ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၊ NATO အဖွဲ့အတွင်းရေးမှူးချု့ပ် မာ့ခ်ရု တို့က အစောဆုံး ဂုဏ်ပြုစကားပြောဆိုထားပါတယ်။
သမ္မတရွေးချယ်ရေး ပြည်နယ် အထူးကိုယ်စားလှယ်မဲ ၂၇၀ ရဖို့ လိုအပ်ပြီး Donald Trump က ပန်ဆဲလ်ဗေးနီးယားနဲ့ ဂျော်ဂျီယာပြည်နယ်၊ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေမှာ အနိုင်ရလိုက်တာကြောင့် အနည်းဆုံး အထူးကိုယ်စားလှယ်မဲ ၂၆၇ အထိ ကပ်လာပါတယ်။ဒါကြောင့် ကင်မလာဟဲရစ် အနေနဲ့ ထရန့်ကို နိုင်ဖို့ မီချီဂန်၊ ဝင်စ်ကွန်ဆင်၊ နီဗားဒါးနဲ့ အရီဇိုးနား ပြည်နယ်တွေအပါအဝင် တော်တော်များများကို အနိုင်ရဖို့ လိုပါတယ်။
ဆီးနိတ်ရွေးကောက်ပွဲရလဒ်ကတော့ အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်ပါတီက အများဆုံးအနိုင်ရပြီး အောက်လွှတ်တော်ကိုတော့ ဘယ်ပါတီက အနိုင်ရမယ်ဆိုတာ ရေတွက်နေဆဲဖြစ်ပါတယ်။
Photo – အေပီ