၂၂ ဖေဖော်ဝါရီ၊ ၂၀၂၅
လုံခြုံရေးတင်းကြပ်စွာ ချထားတဲ့ ရန်ကုန်မြို့မှာ ၂၂၂၂၂ နှစ်ငါးလုံးနေ့အထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့မနက်ပိုင်းက ရန်ကုန်တော်လှန်လူငယ်တွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါင်း ကြုံတွေ့နေရသည့် အထွေထွေကြပ်တည်းမှု၊ကိုယ်စိတ်မလုံခြုံမှု၊အဓမ္မ စစ်သားစုဆောင်းခံရမှု၊ဖိနှိပ်ခံရမှုတွေရဲ့ အဓိက လက်သည်တရားခံမှာ ဖက်ဆစ်ကောင်မင်းအောင်လှိုင်နဲ့ လက်ဝေခံဖြစ်တယ်လို့ ဆိုပါတယ်။
ခေါင်းငုံ့ခံမနေဘဲ တော်လှန်ခြင်းနည်းလမ်းနဲ့ တုံ့ပြန်ကြပြီး အထွေထွေဖိနှိပ်ခံရမှုတွေကို အံ့တုတွန်းလှန်ရင်း ဖက်ဆစ်ကောင်မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အာဏာသိမ်းစစ်တပ် အမြစ်ပြတ်သည်အထိ” ဆက်လက်တော်လှန်ကြဖို့လည်း တိုက်တွန်းကြောင်း စမ်းချောင်းပင်မသပိတ်စခန်းက ဖော်ပြထားပါတယ်။
ဓာတ်ပုံ – စမ်းချောင်းပင်မသပိတ်စခန်း