Homeပြည်တွင်းသတင်း၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိအပတ်အတွင်းမှာ အရပ်သား ၁၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ AAPP ထုတ်ပြန်

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိအပတ်အတွင်းမှာ အရပ်သား ၁၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ AAPP ထုတ်ပြန်

၂၁ ဇန်နဝါရီ ၊၂၀၂၅

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူထားတဲ့ အချက်အလက် တွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် အရပ်သား (၁၀၀)ကျော်အထိ သေဆုံးခဲ့ရတယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့ က ထုတ်ပြန်ထားမှုအရ သိရပါတယ်။

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီမှ သာလွန်အင်အားကို အသုံးပြုပြီး နိုင်ငံတဝန်းရှိ နေရာအနှံ့အပြားကို လက် နက်ကြီး၊ လေကြောင်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် ၂၀၂၅ ခုနှစ်အတွင်း အေအေပီပီက အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တဲ့ အရပ်သားသေဆုံးသူ (၆၅) ဦး နဲ့ အတည်ပြုရန်လိုအပ်ဆဲ သေဆုံးသူ (၅၈) ဦး ရှိခဲ့ပြီဖြစ် တယ်လို့ ဆိုပါတယ်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်တွေမှာ အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေ အတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေတဲ့အချက်အလက်တွေမှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီမှာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသအတွင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်း ထိုးဝင်ရောက်မီးရှို့ဖျက်ဆီးနေသလို ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိကျေးရွာတွင်လည်း စစ်အုပ်စုက ဇန်နဝါရီလ ၁၇ ရက်နေ့ကတည်းက ၎င်းကျေးရွာကို လေကြောင်းဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ဘောမိကျေးရွာ တရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ လေးနှစ်ကျော်အတွင်း အကြမ်းဖက်စစ်အုပ်စု နဲ့ ၎င်းရဲ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၆၁၉၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ရဲ့ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

Photo – AA Info Desk

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး