Homeနိုင်ငံတကာသတင်း၂၀၂၄ ပြင်သစ် အထွေထွေ ရွေးကောက်ပွဲ New Popular Front အနိုင်ရ

၂၀၂၄ ပြင်သစ် အထွေထွေ ရွေးကောက်ပွဲ New Popular Front အနိုင်ရ

ပါရီ၊ ဇူလိုင် ၈

၂၀၂၄ ဇူလိုင် ၇ ရက်က ကျင်းပပြီးစီးသွားတဲ့ ပြင်သစ်အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေအရ
လက်ဝဲညွန့်ပေါင်းပါတီ New Popular Front က လွှတ်တော်အတွက် အမတ်နေရာအများဆုံး ရခဲ့တယ်လို့ သိရပါတယ်။

အခု ကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲမှာ လက်ဝဲညွန်ပေါင်းပါတီ ( New Popular Front)၊ လက်ရာစွန်းပါတီ (far-right National Rally (RN) နဲ့ အလယ်အလတ်ဝါဒီပါတီ ( Renaissance ) စတဲ့အင်းအားကြီးပါတီ သုံးခု အားပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

မဲရလဒ်တွေအရ လက်ရှိသမ္မတ အီမန်နူရယ် မက်ခရွန်ရဲ့ အလယ်အလတ်ဝါဒီပါတီက ဒုတိယနေရာရပ်တည်နိုင်ခဲ့သလို လက်ယာစွန်းပါတီက တတိယလိုက်ပါတယ်။

ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်အရ လက်ဝဲယိမ်းပါတီက အမတ်နေရာ အသာစီး ရခဲ့တယ် ဆိုပေမယ့် တစ်ပါတီကို တစ်ပါတီက ပြတ်သားတဲ့မဲရလဒ်နဲ့ အနိုင်ရခဲ့တာမျိုးမဟုတ်လေတော့ ပြင်သစ်နိုင်ငံရေးက ရှုပ်ထွေးလာဖို့ ရှိနေတယ်လို့ အကဲခတ်သူတွေက တစ်ညီတစ်ညွတ်တည်း ထောက်ပြနေတယ်လို့ သိရပါတယ်။

Ref: Reuters

ဆက်စပ် သတင်းများ

Most read