၃ ဒီဇင်ဘာ၊ ၂၀၂၄
၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီဘက်က လက်လွှတ်ရတဲ့ တပ်စခန်း ၁၃၅ ခုအထိ ရှိတယ်လို့ ၂၀၂၄ ခုနစ်တွင်း ရန်သူ့စခန်း ဆုတ်ခွာမှုပေါင်း (၁၃၅) ခု ရှိတယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖက ဒီဇင်ဘာလ ၂ ရက်က ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး အဖွဲ့အသီးသီးက ညီညီညွတ်ညွတ်နဲ့ တိုက်ခိုက်နေမှုကြောင့် ယခုလို ကြီးမားတဲ့ စစ်ရေးအောင်ပွဲ ရရှိလာခြင်းဖြစ်တယ်လို့ စစ်ကိုင်းပကဖက ပြောဆိုပါတယ်။
စစ်ကောင်စီဘက်က အင်အားမလုံလောက်ဘဲ စစ်ရှုံးပြီး စခန်းစွန့်ခွာမှုများပြားလေ ၊ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေ ကျယ်ပြန့်လေ ဖြစ်မယ်လို့ ဆိုထားပြီး ပကဖအဖွဲ့တွေအနေနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို စနစ်တကျ ကျင့်သုံးပြီး ရန်သူကို လမ်းကြောင်းပိတ်ဆို့တာ၊ နှောင့်ယှက်တာ၊ ပြောက်ကျားပစ်ခတ်တာ၊ ချေမှုန်းတာတွေကို စနစ်တကျ ကျင့်သုံးတာကြောင့် စစ်ကောင်စီဟာ စခန်းတွေကို စွန့်ခွာရတာလို့ ဆိုပါတယ်။
စစ်ကိုင်းပကဖက ဖော်ပြထားတဲ့ စစ်ကောင်စီတွေ တပ်စခန်းက ဆုတ်ခွာမှုစာရင်းမှာ ကချင်ပြည်နယ် (၂၉) ခု၊ ကရင် ပြည်နယ် (၂၁) ခု၊ မကွေးတိုင်း (၁၆) ခု၊ ရခိုင်ပြည်နယ် (၁၃)ခု၊ စစ်ကိုင်းတိုင်း (၁၂)ခု၊ ရှမ်းပြည်နယ် (၁၁)ခု၊ မန္တလေးတိုင်း (၁၀)ခု၊ တနင်္သာရီတိုင်း (၇)ခု၊ ပဲခူးတိုင်း (၇)ခု၊ ကယားပြည်နယ် (၆)ခု၊ ချင်းပြည်နယ် (၂)ခု၊ နေပြည်တော် (၁)ခုတို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
မြေပြင်မှာ အခုရရှိတဲ့စာရင်းထက်ပိုနိုင်တယ်လို့ စစ်ကိုင်းပကဖဘက်က ထုတ်ပြန်ထားပြီး ဒီစာရင်းဟာ ဘယ်နေ့အထိ ကောက်ခံရရှိတဲ့စာရင်းဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားခြင်းမရှိပါဘူး။
ပုံစာ – စစ်ကောင်စီတပ်တွေ စခန်းက ဆုတ်ခွာမှုပြမြေပုံ
Photo – စစ်ကိုင်းပကဖ