Homeပြည်တွင်းသတင်း၂၀၂၄ ခုနှစ်တစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ပဋိပက္ခတွေကြောင့် ကလေးငယ် ၇၅၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ်တစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ပဋိပက္ခတွေကြောင့် ကလေးငယ် ၇၅၀ ကျော်သေဆုံးခဲ့ရ

၃ ဇန်နဝါရီ ၊၂၀၂၅

၂၀၂၄ ခုနှစ်တစ်နှစ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းရှိ ကလေးငယ် ၇၅၀ ကျော်သေဆုံးခဲ့ရပြီး တစ်နေ့ကို ကလေးနှစ်ဦးထက်ပိုပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ UNICEF ရဲ့ထုတ်ပြန်ထားမှုအရ သိရပါတယ်။

ယနေ့ကမ္ဘာပေါ်ရှိ ကလေးငယ် (၆) သန်းမှာ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေနဲ့ရင်ဆိုင်နေကြရပြီး မြန်မာနိုင်ငံအတွင်းကမှာရှိတဲ့ ပြည်တွင်းနေရပ် စွန့်ခွါထွက် ပြေးတိမ်း ရှောင်သူ ၃.၅ သန်းရဲ့ သုံးပုံတစ်ပုံမှာလည်း ကလေးတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ကလေးငယ် (၅) သိန်းကျော်မှာ ပညာသင်ကြားခွင့် အခွင့်အလမ်းတွေဆုံးရှုံးနေပြီး ကလေးငယ် ၁၁ သန်းကျော်မှာလည်း အရေးကြီးတဲ့ ကာကွယ်ဆေးတွေရရှိမနေကြောင်းနဲ့ မြန်မာနိုင်ငံဟာလည်း တစ်ကမ္ဘာ လုံးမှာ ကာကွယ်ဆေးလုံးဝမရရှိတဲ့ ကလေးများရဲ့ ဗဟိုချက်တစ်ခုဖြစ်လာတယ်လို့လည်းဆိုထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်းကလေးများအတွက် ရန်ပုံငွေလိုအပ်ချက်ပမာဏရဲ့ ၂၃ ရာခိုင်နှုန်းသာရရှိခဲ့တာကြောင့် UNICEF ရဲ့ ကူညီမှုအတိုင်းအတာနဲ့လွှမ်းခြုံနိုင်မှုအပိုင်းမှာ လွန်စွာအခက်အခဲတွေရှိခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံရှိ ကလေးငယ် တွေအတွက်လည်း ၂၀၂၅ ခုနှစ်အတွင်း အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း အသိပေးထား ပါတယ်။

UNICEF အနေနဲ့ ပဋိပက္ခတွေနဲ့ ကန်သက်ချက်တွရှိနေသော်လည်း မြန်မာနိုင်ငံအတွင်းက ခက်ခဲတဲ့ဒေတွေရှိ ကလေးငယ်တွေအတွက် အရေးပေါ်အကူအညီနဲ့ ဝန်းဆောင်မှုတွေပေးအပ်နိုင်ခဲ့ကြောင်းနဲ့ အခု ၂၀၂၅ ခုနှစ်အတွင်း ကလေးငယ် ၆ ဒသမ ၄ သန်းပါဝင်တဲ့ လူဦးရေ ၁၉.၉ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ လိုအပ်လာမယ်လို့ UNICEF က ထောက်ပြထားပါတယ်။

Photo – UNICEF Myanmar

ဆက်စပ် သတင်းများ

Most read