Homeပြည်တွင်းသတင်း၂၀၂၃ မှာ လက်နက်ကိုင်ပဋိပက္ခတွေကြား သေဆုံးရတဲ့အမျိုးသမီးအရေအတွက်ဟာ ၂၀၂၂ ထက် နှစ်ဆတိုးလာကြောင်း အမေရိကန်သံရုံး ထုတ်ပြန်

၂၀၂၃ မှာ လက်နက်ကိုင်ပဋိပက္ခတွေကြား သေဆုံးရတဲ့အမျိုးသမီးအရေအတွက်ဟာ ၂၀၂၂ ထက် နှစ်ဆတိုးလာကြောင်း အမေရိကန်သံရုံး ထုတ်ပြန်

၅ ဒီဇင်ဘာ၊ ၂၀၂၄

၂၀၂၃ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြား အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးအချိုးအစားဟာ ၂၀၂၂ခုနှစ်ထက် နှစ်ဆတိုးလာခဲ့တယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့ ဆက်နွှယ်ပြီး သေဆုံးခဲ့ရသူတွေရဲ့ ၄၀% ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ကုလသမဂ္ဂက အတည်ပြုထားတဲ့ ပဋိပက္ခနဲ့ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရပ်တွေဟာ ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဖော်ပြထားပါတယ်။ စစ်ပွဲဖြစ်နေတဲ့နေရာတွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အကာအကွယ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သူတို့တက်ကြွစွာပူးပေါင်းပါဝင်နိုင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ကျား/မ အခြေပြု အကြမ်းဖက်မှုဟာ အကြမ်းဖက်ခံရဖူးတဲ့ သန်းပေါင်းများစွာသော လူပုဂ္ဂိုလ်တွေရဲ့ ဘေးကင်းရေး၊ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေအပြင် ပြည်သူ့ကျန်းမာရေး၊ စီးပွားရေးတည်ငြိမ်မှုနဲ့ နိုင်ငံတွေရဲ့လုံခြုံရေးတွေကိုပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ကျား/မ အခြေပြု အကြမ်းဖက်မှုတွေကို တားဆီးတာနဲ့ တုံ့ပြန်ဆောင်ရွက်တာဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းက ကျားမတန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို မြှင့်တင်ဖို့ အမေရိကန်အစိုးရက ထားရှိတဲ့သန္နိဋ္ဌာန်ရဲ့ အခြေခံအုတ်မြစ် ဖြစ်ကြောင်း ဖော်ပြပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာကို လူမှုရေးအရလက်ခံနေတာတွေကို စိန်ခေါ်ဖို့၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် အမျိုးသားတွေ ပါဝင်ဆောင်ရွက်ဖို့ အမေရိကန်အစိုးရက အတူရှိနေကြောင်းနဲ့ ကျား/မ အခြေပြု အကြမ်းဖက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးပြဿနာတစ်ရပ် ဖြစ်တယ်လို့ ရေးသားပြောဆိုပါတယ်။

ပုံစာ -စစ်ရှောင်စခန်းကအမျိုးသမီးတစ်ချို့
Photo – ရေစကြို သတင်းထုတ်ပြန်ရေးကော်မတီ

ဆက်စပ် သတင်းများ

Most read