Homeနိုင်ငံတကာသတင်း၂၀၂၃ ခုနှစ် ထဲမှာ ပစိဖိတ်စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံ အထိ တရုတ်သုံးစွဲခဲ့တယ်လို့ ထိုင်ဝမ်ဖော်ပြ

၂၀၂၃ ခုနှစ် ထဲမှာ ပစိဖိတ်စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံ အထိ တရုတ်သုံးစွဲခဲ့တယ်လို့ ထိုင်ဝမ်ဖော်ပြ

တိုင်ပေ၊ ဩဂုတ် ၂၇

တရုတ်နိုင်ငံဟာ ၂၀၂၃ခုနှစ်ထဲမှာ ပစိဖိတ်ဒေသ စစ်ရေးလေ့ကျင့်မှုတွေအတွက် သူရဲ့တစ်နှစ်စာ စစ်အသုံး စားရိတ်ရဲ့ ၇ရာခိုင်နူန်းနဲ့ ညီတဲ့ အမေရိကန်ဒေါ်လာ ၁၅ဒသမ ၃ဘီလီယံ အထိ သုံးစွဲခဲ့တယ်လို့ ဩဂုတ် ၂၇ရက်နေ့ မှာ ထိုင်ဝမ်ဘက်က ခန့်မှန်း တွက်ချက် ဖော်ပြလိုက်ပါတယ်။

အနောက်ပစိဖိတ်ဒေသဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေမှာ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံကျော်လောက် သုံးစွဲခဲ့တယ်လို့၊ ထိုင်ဝမ်က ခန့်မှန်းဖော်ပြခဲ့သလို အလားတူ တခြား ထိုင်ဝမ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စစ်ရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကိုပါ ပူးတွဲ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဘေဂျင်းဟာ သူ့ရဲ့ စစ်အင်အားကို မြှင့်တင်နေတဲ့ အကြောင်း ထိုင်ဝမ်စစ်တပ်ရဲ့ သုတေသနပြုချက်ကို ကိုးကားပြီး Reuters ကလည်း ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်ကို တရုတ်က ပိုင်တယ်လို့ တရုတ်ဘက်က အခိုင်အမာပြောဆိုထားပြီး ထိုင်ဝမ်ရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကြားက ကျွန်းကို သူ့ထိန်းချုပ်မှုအောက်ရောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

“မကြာသေးတဲနှစ်တွေထဲ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြီးမားတဲ့ စစ်ရေးရင်းနှီးမြုပ်နှံမှုက ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူမပြုဘဲ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေသာရှိတယ်လို့ ထိုင်ဝမ်ဘက်က ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။

Ref: Reuters

ဆက်စပ် သတင်းများ

Most read