Homeပြည်တွင်းသတင်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီကူးပြောင်းရေး အခြေခံအဖြစ် လိုက်နာရမယ်လို့ အခြေခံဥပဒေကိုချိုးဖောက်ပြီး အာဏာသိမ်းခဲ့တဲ့စစ်ခေါင်းဆောင် ပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီကူးပြောင်းရေး အခြေခံအဖြစ် လိုက်နာရမယ်လို့ အခြေခံဥပဒေကိုချိုးဖောက်ပြီး အာဏာသိမ်းခဲ့တဲ့စစ်ခေါင်းဆောင် ပြော

၈ ဖေဖော်ဝါရီ ၂၀၂၆

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် မပျက်မကွက် လိုက်နာရမယ့် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အဓမ္မအာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။

အဲ့ဒီပြောကြားချက်ကို မနေ့က ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ အကယ်ဒမီဆုပေးပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီပြောင်းလဲရေး (Democratization) ဆိုတာကို ဒီမိုကရေစီစံနှုန်းတွေ အခြေခံပြီး လုပ်ဆောင်တာမဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ လမ်းကြောင်းအတိုင်းသာ ပြောင်းလဲခဲ့တာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ မတ်လအတွင်း ခေါ်ယူဖို့ရှိတဲ့ လွှတ်တော်အစည်းအဝေးအတွက် စစ်ကော်မရှင်ဘက်က စေလွှတ်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်အတွက် တပ်မတော်ကိုယ်စားလှယ် ၁၁၀ ဦးကို စေလွှတ်သွားမှာဖြစ်ပြီး အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်သွားမယ်လို့ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အတွင်း တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ခန့်အပ်ထားပြီး ကျန် ၇၅ ရာခိုင်နှုန်းကိုသာ ရွေးကောက်ပွဲကတဆင့် ရွေးချယ်တင်မြှောက်ရတာ ဖြစ်ပါတယ်။

လာမယ့် ပြည်သူ့လွှတ်တော်မှာတော့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့အတွင်း ဗိုလ်မှူးချုပ် ၁၀ ဦး၊ ဗိုလ်မှူးကြီး ၁၈ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄၂ ဦး၊ ဗိုလ်မှူး ၂၇ ဦးနဲ့ ဗိုလ်ကြီး ၁၂ ဦး ပါဝင်လာမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး