Homeပြည်တွင်းသတင်း၁၀၂၇စစ်ဆင်ရေး အားပေးထောက်ခံတဲ့ မြန်မာပြည်သူတစ်ရပ်လုံးကို ကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်

၁၀၂၇စစ်ဆင်ရေး အားပေးထောက်ခံတဲ့ မြန်မာပြည်သူတစ်ရပ်လုံးကို ကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်

၃၀ ဇူလိုင်၊၂၀၂၄

၁၀၂၇ စစ်ဆင်ရေး ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကို အားပေးထောက် ခံကြတဲ့ မြန်မာပြည်သူတစ်ရပ်လုံးကို အလေးအနက်ကျေးဇူးတင်ကြောင်း တအာင်းတပ်မတော်(TNLA)၊ ကိုးကန့် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင် မဟာမိတ် သုံးဖွဲ့က ဒီကနေ့မှာ ပူးတွဲထုတ် ပြန်လာပါတယ်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ယနေ့အထိ အကြမ်းမဖက်သောနည်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး တော်လှန်ရေးကို စဉ်ဆက်မပြတ် ဝိုင်းရံပေးနေကြတဲ့ မြန်မာပြည်သူ တစ်ရပ်လုံးရဲ့ တော်လှန်စိတ်ဓာတ်ကို ညီနောင် မဟာမိတ်သုံးဖွဲ့မှ အလေးနက်ထား ချီးကျူးဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။

ကြံ့ကြံ့ခံတဲ့ စိတ်ဓာတ်၊ နောက်မဆုတ်သော စိတ်ဓာတ်တွေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသူများနှင့် ညီနောင်သုံးဖွဲ့အား ထောက်ခံ ကြောင်းပြ သတဲ့ ဆန္ဒထုတ်ဖော်မှု မှတ်တမ်းဓာတ်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ ၁၀၂၇စစ်ဆင်ရေးပထမပိုင်းကို ၂၀၂၃ အောက်တိုဘာ ၂၇တွင် စတင်ခဲ့ရာ ရှမ်းမြောက်ရှိ မြိုအများအပြားနဲ့ စစ်ကောင်စီတပ်စခန်းရာချီကို သိမ်းပိုက်နိုင်ခဲ့သလို ရက္ခိုင့်ဒေသ စစ်ဆင်ရေး ကိုလည်း ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင်စတင်ခဲ့ရာ ရက္ခိင်ပြည်နယ်ရှိ မြို့နယ် ၉ခုနဲ့ ချင်းပြည်နယ် ပလက်၀ကို AAက သိမ်းပိုက်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကို ဇွန်လ ၂၅ရက် တွင် ပြန်လည်စတင်ခဲ့ပြီး TNLAနဲ့ မဟာမိတ်တပ်တွေက နောင်ချို၊ မိုးကုတ်မြို့တို့ကို အလုံးစုံသိမ်းပိုက်ထားပြီး ကျောက်မဲ၊ မိုးမိတ်မြို့များကို သိမ်းပိုက်နိုင်ဖို့ ဆက်လက် တိုက်ခိုက်လျက်ရှိနေသလို လားရှိုးမြို့ကိုလည်း ကိုးကန့်တပ်ဖွဲ့နဲ့ မဟာမိတ်တွေက သိမ်းပိုက်ထားပြီး ဖြစ် ကြောင်း ကြေညာကာ တပ်စခန်းတစ်ခုပြီး တစ်ခုကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo-MNDAA

ဆက်စပ် သတင်းများ

Most read