Homeပြည်တွင်းသတင်း"၀" ဒေသ ရဲ့ ဒုတိယမြို့တော် မိုင်းပေါက် ရေကြီးရေလျှံဖြစ်ပွား၊ ရဲအရာရှိတစ်ဦးအပါအဝင် ၄ ဦးသေဆုံး

“၀” ဒေသ ရဲ့ ဒုတိယမြို့တော် မိုင်းပေါက် ရေကြီးရေလျှံဖြစ်ပွား၊ ရဲအရာရှိတစ်ဦးအပါအဝင် ၄ ဦးသေဆုံး

၂၃ ဇူလိုင် ၂၀၂၅

“၀” ဒေသ ရဲ့ ဒုတိယမြို့တော် မိုင်းပေါက်မှာ ရေကြီးရေလျှံဖြစ်ပွားလို့ ကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ ရဲအရာရှိတစ်ဦးအပါအဝင် သေဆုံးသူ (၄) ဦးအထိရှိလာပြီး ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ “ဝ”ပြည်နယ် ရဲဌာန တရားရေးဌာနရဲ့ အသိချက်အရ သိရပါတယ်။

အဲဒီ သေဆုံးသူ (၄) ဦးဟာအမျိုးသမီး (၁) ဦးနဲ့ အမျိုးသား (၃) ဦးတို့ဖြစ်ကြပြီး ကျန်တဲ့(၂) နှစ်ဦးရဲ့ရုပ်အလောင်းကိုဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ ရေကြီးမှု ဖြစ်စဥ်မှာကယ်ဆယ်ရေးလုပ်ငန်း သွားရောက်ဆောင်ရွက်ခဲ့တဲ့ အသက် (၂၇) နှစ်၊ ရဲအရာရှိ ချင်ဟွာဟာ မနေ့က ဇူလိုင် (၂၂) ရက်နေ့က ရေထဲမျောပါသွားခဲ့ပြီး အသက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မိုင်းပေါက်မြို့ကို တက်လာတဲ့ဒီရေလှိုင်းတွေနဲ့အတူ ရဲဘော် ချင်ဟွာဟာ လမ်းပေါ်မှာရှိတဲ့ အဖြူရောင် Alpha ကားတစ်စီးအတွင်း ပိတ်မိနေတဲ့ လူတွေကိုကယ်ထုတ်ဖို့ ကြိုးစားရာကနေ ရေစီးနဲ့မျောပါခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရေစီးနဲ့အတူမျောပါသွားခဲ့တဲ့ ရဲဘော် ချင်ဟွာကို ရှာဖွေကယ်ဆယ်ရေးတွေလုပ်အပြီး ၎င်းရဲ့ရုပ်အလောင်းကိုရေအောက်မှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မိုင်းပေါက်မြို့မှာ မနှစ်က သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း ရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်ခဲ့ရသေးပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေလည်း များခဲ့တာဖြစ်ပါတယ်။

“ဝ” ပြည်နယ် တရားစီရင်ရေး ကော်မတီဌာနက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီး “ဝ” ပြည်နယ် သတင်းထုတ်ပြန်ရေးဌာနကလည်း အရေးပေါ် မုန်တိုင်းအထူးသတိပြုကြဖို့ မိုးလေဝသ သတင်းထုတ်ပြန်ထားပြီး ပြည်သူတွေအနေနဲ့ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေအတွက် ကြိုတင်ကာကွယ်ထားကြဖို့ လိုအပ်ကြောင်းကိုလည်း အသိပေးထားပါတယ်။

ဓာတ်ပုံ-“ဝ”ပြည်နယ်ရဲဌာန တရားရေးဌာန

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး