Homeပြည်တွင်းသတင်းဩစတြေးလျက မြန်မာနိုင်ငံကို ဒေါ်လာ ၉ သန်း ထောက်ပံ့ကူညီသွားမည်

ဩစတြေးလျက မြန်မာနိုင်ငံကို ဒေါ်လာ ၉ သန်း ထောက်ပံ့ကူညီသွားမည်

၁၅ အောက်တိုဘာ၊ ၂၀၂၄

မြန်မာနိုင်ငံက ပဋ္ဋိပက္ခတွေကြောင့် ထိခိုက်နစ်နာမှုတွေကို လျော့ချဖို့နဲ့ လူသားချင်းစာနာမှုအကူအညီ ပေးဖို့ လူသားချင်းစာနာမှုအကူအညီပေးရေးမိတ်ဖက်အဖွဲ့ကတစ်ဆင့် ဒေါ်လာ ၉ သန်းထောက်ပံ့ ပေးသွားမယ် လို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တစ်စထက်တစ်စ ဆိုးရွားလာတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုအခြေအနေတွေကြောင့် စိုးရိမ်ပူပန်နေပြီး မြန်မာ့အရေးဟာ ဒေသငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို သက်ရောက်စေတယ်လို့ ဆိုပါတယ်။

အခုပေးအပ်သွားမယ့် အကူအညီဟာ မြန်မာနိုင်ငံမှာ ရပ်ရွာက စွန့်ခွာနေရသူ ၃.၄ သန်းနဲ့ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ ၁၈.၆ သန်းအတွက်ဖြစ်ပြီး စစ်ကောင်စီကို တိုက်ရိုက်ပေးမယ့် အကူအညီ မဟုတ်ကြောင်းနဲ့ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုမရှိတဲ့ အသုံးအနှုန်းများနဲ့ ထည့်သွင်းဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်ကစပြီး သြစတြေးလျက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် လူသားချင်းစာနာမှုအကူအညီ ပေးခဲ့တဲ့ ပမာဏဟာ အခုထောက်ပံ့မယ့်ငွေနဲ့ဆို ဒေါ်လာ သန်း ၈၈၀ ရှိနေပြီလို့ ဆိုပါတယ်။

သြစတြေးလျအစိုးရက မြန်မာပြည်သူတွေကို ဆက်လက်ထောက်ပံ့ပေးဖို့ ကတိပြုခဲ့ပြီး အရပ်သားတွေအပေါ် အကြမ်းဖက်မှုရပ်စဲရန်၊ မတရားဖမ်းဆီးခံထားရသူများကို လွှတ်ပေးဖို့နဲ့ အကူအညီတွေကို ရောက်အောင်ပေးပို့ခွင့်ပြုဖို့ စစ်ကောင်စီကို တိုက်တွန်းလိုက်သည်။ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ရောက်ရှိဖို့ အရေးကြီးကြောင်း စစ်ကောင်စီကို ထပ်ပြီး သတိပေးသွားပါတယ်။

အောက်တိုဘာလ ၁ ရက်ကနေ ၁၀ ရက်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ဟာ ဩစတြေးလျနိုင်ငံကို တရားဝင် သွားရောက်ပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ ရပ်တည်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုအတွက် အကူအညီပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

Photo – fabians org

ဆက်စပ် သတင်းများ

Most read